Myanmar International Channel (MITV Channel) ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး ကျင်းပ

ရန်ကုန် ၃၁ဩဂုတ်

မြန်မာနိုင်ငံ၏တိုးတက်ပြောင်းလဲမှုများနှင့် ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်မှုများကို နိုင်ငံတကာမှ သိရှိနိုင်စေရန် ရည်ရွယ်သလို နိုင်ငံတကာနှင့်ယှဉ်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရာတွင် အားပေးကြည့်ရှုကြသူများအတွက် သုတ၊ ရသအချိုးညီညီ ပေါင်းစပ် ထုတ်လွှင့်နေသည့် တစ်ခုတည်းသော English ဘာသာစကား Channel ဖြစ်ခြင်းကြောင့် ယခုထက် ပိုမိုတိုးတက်ကောင်းမွန်သော အစီအစဉ်ကောင်းများ ဆက်လက် ထုတ်လွှင့်သွားနိုင်ရေးကို လုပ်ဆောင်နိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မြန်မာ့ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ ရွှေသံလွင်မီဒီယာမှ တာဝန်ရှိသူများ ပါဝင်ပြီး Myanmar International Channel နှင့် Myanmar International Radio ဖွံဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် အချက်များ လိုအပ်ချက်များ  ဆက်လက်ဆောင်ရွက်သွားမည့် အချက်များနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးခြင်းကို ဩဂုတ်လ(၃၁)ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

#ရန်ကုန်သတင်းဌာနခွဲ

Crd#MRTV