မြဝတီတံတားအမှတ်(၂)မှ မြန်မာရွှေ့ပြောင်းလုပ်သား ၆၃၄ ဦး ဆက်လက်ဝင်ရောက်

မြဝတီ   ၁၂ ဇူလိုင် 

ထိုင်းနိုင်ငံမှ   မြန်မာရွှေ့ပြောင်းလုပ်သား ၆၃၄ ဦးသည်  မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ယနေ့  ဆက်လက်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်၊ ခရိုင်နှင့် မြို့နယ်မှ  တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ ဇွန် ၃၀ ရက်အထိ  ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက်တွင် ၆၆၇ ဦး၊ ဇူလိုင် ၂ ရက်တွင် ၇၂၈ ဦး၊ ဇူလိုင် ၃ ရက်တွင် ၁၁၃၄ ဦး၊ ဇူလိုင် ၄ ရက်တွင် ၈၁၃ ဦး၊ ဇူလိုင် ၅ ရက်တွင် ၇၂၈ ဦး၊ ဇူလိုင် ၆ ရက်တွင် ၁၁၄၂ ဦး၊ ဇူလိုင် ၇ တွင် ၈၅၁ ဦး၊ ဇူလိုင် ၈ ရက်တွင် ၆၆၈ ဦး၊ ဇူလိုင် ၉ ရက်တွင် ၇၈၃ ဦး၊ ဇူလိုင် ၁၀ ရက်တွင် ၅၆၀၊ ဇူလိုင် ၁၁ ရက်တွင် ၆၁၁ ဦး၊ ယနေ့ ဇူလိုင် ၁၂ ရက်တွင် ၆၃၄ဦး စုစုပေါင်း ၄၆၃၃၇ ဦးတို့ ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

 

ယနေ့ ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၃၉၆ ဦး၊ အမျိုးသမီး ၂၃၈ ဦး စုစုပေါင်း ၆၃၄ ဦးဖြစ်ကြောင်း သိရသည်။     

ထိန်လင်းအောင်(ပြန်/ဆက်)