မြဝတီသွား အာရှလမ်းပေါ်တွင် အောင်စစ်သည် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာ ခရီးသည် ၃၄  ဦး ဒဏ်ရာရ

သင်္ဃန်းညီနောင် ၁၃ မေ


ကရင်ပြည်နယ်၊ ကော့ကရိတ်မှ မြဝတီဘက်သို့ အာရှလမ်းအတိုင်း မောင်းနှင်လားသော အောင်စစ်သည် ခရီးသည်တင် မှန်လုံယာဉ်သည် မေလ ၁၃ ရက်နေ့၊ နံနက် ၄ နာရီခန့်က ကွမ်းခြံကုန်းအဆင်းအရောက်တွင် မိုးရွာသွန်းထားမှုကြောင့် စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

1

 


အဆိုပါနေရာသည် မကြာခဏ ဖြစ်ပွားနေသောကြောင့် အသိပေးဆိုင်းဘုတ်များ Slow Down လမ်းခုံးငယ်များ ဆောင်ရွက်ပေးထားရပြီး ယခုတိမ်းမှောက်သော ယာဉ်ကို ကိုထွန်းကျော် မောင်းနှင်းကာ ယာဉ်နောက်လိုက်အပါအဝင် ကျား(၁၅)ဦး၊ မ(၁၉)ဦး၊ စုစုပေါင်း(၃၄)ဦး မစိုးရိမ်ရ ဒဏ်ရာအသီးသီး ရရှိခဲ့သဖြင့် သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ မြဝတီဆေးရုံသို့ ပို့ဆောင်ပေးပြီး ယာဉ်ကြော ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးထားကြောင်း သိရသည်။


နေမျိုးလွင်(ပြန်/ဆက်)