မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး mask များ အခမဲ့ပေးဝေပြီး အသိပညာပေး

မြဝတီ         စက်တင်ဘာ         ၉

 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ပြည်သူများအနေဖြင့် mask ကို စနစ်တကျ တပ်ဆင်အသုံးပြုစေရေးအတွက် mask များ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရုံးအနီး ဘုရင့်နောင်လမ်းမကြီးတွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်လွင် ဦးဆောင်ပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြဝတီခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊  မြဝတီမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အလားတူ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်းကိုလည်း ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)