မြဝတီမြို့၌ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီ ဆေးရောင် ခြယ်နှင့် ကာယ ဉာဏပြိုင်ပွဲများ ကျင်းပ

မြဝတီ  ၁၅  နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre) တွင် (၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဉာဏပြိုင်ပွဲများ ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြိုင်ပွဲများ ကျင်းပရာ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့်အတူ ကာယ၊ ဉာဏ ပြိုင်ပွဲများအဖြစ် ခြေရာလှည့်ခုန်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ နှင့် အင်္ဂလိပ်အက္ခရာစီ ပြိုင်ပွဲများ ကျင်းပပေးခြင်း ဖြစ်သည်။

 

ပြိုင်ပွဲများတွင် အထက(၂) KG တန်းမှ ကလေးငယ်များက ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကာ ဆုရရှိသည့် ကလေးငယ် များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသည်။

 

အလားတူ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝင်းအတွင်း စာအုပ်ဈေးရောင်းပွဲ တော်ကျင်းပလျက်ရှိ ရာ အထက(၃)မှ ကျောင်းသား၊ ကျောင်းသူများမှ လာရောက်ကြည့်ရှုလေ့လာ ဝယ်ယူခဲ့ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)