မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ပြန်လည်ရန်ပြုသဖြင့် ပစ်ခတ်ရာ ပြစ်မှုကျူးလွန်သူအမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးမှု ကလေးမြို့နယ်၌ ဖြစ်ပွား

နေပြည်တော် ၁၃   ဇွန် 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၅)ကလေးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့နယ်၊ မော်လိုက်-ကလေး ကျေးရွာဟောင်း(တောင်ရွာ)နေ မိုးကျော်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မိုးကျော်မှ အရှည် ၂ ပေ ခန့်ဓားဖြင့် ပူးပေါင်းအဖွဲ့အား လိုက်လံခုတ်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ရာ မိုးကျော်တွင် သေနတ်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဘိန်းဖြူ ၅ ဂရမ်နှင့် ဓားရှည် ၂ ချောင်းအား သိမ်းဆည်းရမိခဲ့ကြောင်း မိုးကျော်အား ကလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသသော်လည်း ဆေးရုံ၌သေဆုံးသွားခဲ့သဖြင့် ကလေးမြို့မရဲစခန်းတွင်  အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း CCDAC Myanmar မှ သတင်းရရှိသည်။

 

MDN

 

ဓာတ်ပုံ-CCDAC Myanmar