မူလမြေပိုင်ရှင် တောင်သူ(၇)ဦးအား မြေတန်ဖိုးနှင့် သီးနှံတန်ဖိုးငွေများ လွှဲပြောင်းပေးအပ်

မကွေး   ၃၀  စက်တင်ဘာ    

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် ချုပ်ဆို၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Eni Myanmar B.V ကုမ္ပဏီသည် မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် (ကုန်းတွင်းရေနံလုပ်ကွက် အမှတ်RSF-5) အတွင်း ရေနံစမ်းသပ် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်မည့် မကွေးမြို့နယ် ဆူးကောက်စမ်း ကျေးရွာအုပ်စု အောင်မြေကုန်းကျေးရွာမှ တောင်သူများ၏ ယာမြေ ၁၅ ဒသမ ၂၈ ဧကအား မြေစာရင်း ပုံစံ()မူရင်း မူလပိုင်ဆိုင်သူ တောင်သူ()ဦးထံမှ စုစုပေါင်း တန်ဖိုးငွေကျပ် (၂၁၀,၆၄၀,၇၀၀) ကျပ် နှစ်ထောင့်တစ်ရာခြောက်သိန်း လေးသောင်းခုနှစ်ရာတိတိ)ဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အမည်ပေါက် အရောင်းအဝယ်စာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးတို့က မကွေးမြို့နယ်အတွင်း ရေနံစမ်းသပ် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကား အသီးသီးပြောကြားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ၊ တိုင်း/ ခရိုင်/ မြို့နယ်/ ကျေးရွာအုပ်စုရှိ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက မကွေးမြို့နယ် ဆူးကောက်စမ်းကျေးရွာအုပ်စု အောင်မြေကုန်းကျေးရွာမှ တောင်သူ()ဦးတို့၏ မြေယာတန်ဖိုးနှင့် သီးနှံနစ်နာကြေးများကို တောင်သူ တစ်ဦးချင်းထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မည့် တောင်သူများ၏ ယာမြေ(၁၅ ဒသမ ၂၈)ဧကအား မြေစာရင်း ပုံစံ()မူရင်း မူလပိုင်ဆိုင်သူ တောင်သူ()ဦးထံ မြေယာတန်ဖိုးနှင့် သီးနှံနစ်နာကြေး စုစုပေါင်း တန်ဖိုးငွေကျပ် (၂၁၀,၆၄၀,၇၀၀) ကျပ် နှစ်ထောင့်တစ်ရာ ခြောက်သိန်းလေးသောင်း ခုနှစ်ရာတိတိ)အား ပေးချေ၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း အမည်ပေါက် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)