မူဆယ်မြို့တွင် မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေးပြီး လိုအပ်ပါက တရုတ်နိုင်ငံတွင် ဆက်လက်ကုသမည်

မူဆယ် ၁၅ ဇန်နဝါရီ 


ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း (မူဆယ်ခရိုင်)နှင့် တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ အစိုးရတို့ ပူးပေါင်းဆောင်ရွက် သည့် အလင်းပြလုပ်ငန်းစဉ် စီမံကိန်းမှ မျက်စိဝေဒနာရှင်များအား ယနေ့ နံနက်ပိုင်းက  မူဆယ်မြို့ ရွှေနန်းတော်ဂိတ်ရှေ့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းရုံးတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ မူဆယ်မြို့နယ်အတွင်းရှိ မျက်စိရောဂါဝေဒနာ ခံစားနေရသူများကို တရုတ်နိုင်ငံ ရွှေလီမြို့ တရုတ်-မြန်မာ နယ်စပ်ဒေသ ယဉ်ကျေးမှု ဖလှယ်ရေးအသင်း မှ အတွင်းရေးမှူး လျိုဟော်ရင် ဦးဆောင်၍ ရွှေလီပြည်သူ့ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးများဖြစ်သည့် ပစ္စတာ ရန်ဟုန်၊ မစ္စတာဝမ့်ချစ်တို့နှင့် ရွှေလီမြို့ ကျန်းမာရေး နှင့်သားဆက်ခြား ဦးစီးဌာတို့မှ သူနာပြုဆရာ/ဆရာမများ လိုက်ပါလာကြပြီး မျက်စိရောဂါဝေဒနာရှင် ၂၀ဝ ခန့်အား အခမဲ့ စပ်းသပ် ကုသ ပေးခဲ့သည်။


ယင်းသို့ အခမဲ့ စမ်းသပ်ကုသပေးရာတွင် မူဆယ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိုင်းယု (၁၀၅) မိုင် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။


ဆက်လက်၍ ခွဲစိတ်ကုသရန် လိုအပ်သည့်လူနာများအား ရက်ချိန်းပေးပြီး တရုတ်နိုင်ငံ အတွင်း၌ အခမဲ့ ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးရှင်ဖူးမှ “ ယခုလို ကူညီဆောင်ရွက်ပေးခြင်းဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဦးတည်ပြီး ရွှေလီမြစ်ဝှမ်း နယ်စပ် ဒေသမှာရှိကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ မူဆယ်ခရိုင် အတွင်းရှိ မျက်စိရောဂါ ဝေဒနာခံစားသူများကို အလင်းပြန်လည် ရရှိစေရန် အလင်းပြစီမံကိန်းဖြင့် အခမဲ့ကုသိုလ်ဖြစ် ကုသပေးခဲ့တာပါ။ 


နောက်လည်းအခါသင့်သလို အခွင့်ကြုံရင် ဆက်လက်လုပ်ဆောင်ပေးသွားပါမယ်” ဟု ပြောသည်။


သန့်ဇင် -မူဆယ်