မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

မူဆယ်၊   ၂၉   ဇန်နဝါရီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး လျက်ရှိရာ  ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မူဆယ်ခရိုင် ပြည်သူ့ဆေးရုံမှ သိရသည်။

မူဆယ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး ၃၀ ရရှိပြီး မူဆယ်မြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာဟန်နိုင်စိုးနှင့် သူနာပြုဆရာမကြီး မစ္စတာကြီးဒေါ်နန်းလှလှခင်တို့က ပထမဆုံးထိုးနှံသည်။ ဆက်လက်ပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းဆေး ဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့မှ ဝန်ထမ်းစုစုပေါင်း ၂၈၉ ဦးတို့ကို အုပ်စု နှစ်ခုခွဲ၍ ထိုးနှံပေးသည်။ 

 

‌ေ

 

မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ဗဟိုမှ သတ်မှတ်ထားသော ဦးစားပေးအုပ်စုများအား ညွှန်ကြားချက်နှင့်အညီ ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက သတ်မှတ်လမ်းညွှန်ချက်အတိုင်း အဆင့်ဆင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)