မူဆယ်မြို့မှ အဝေးပြေးခရီးသည် ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲသော်လည်း ခရီးသည်များနည်းပါး

မူဆယ် ၁၅ နိုဝင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့မှ ပြည်မဘက်သို့ ပြေးဆွဲနေသည့် အဝေးပြေးခရီးသည် ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲနေသော်လည်း ခရီးသည်များ နည်းပါးခြင်းကြောင့် ယာဉ်လက်မှတ် များ ရောင်းအား နည်းနေကြောင်း သိရသည်။

 

၄

 

ပြည်မဘက်မှ တက်လာတဲ့ခရီးသည်ယာဉ်တွေကို ကွတ်ခိုင်မြို့(တိုးဂိတ်)ကနေ ပြန်လည် ဖြတ်သန်းခွင့် ပေးတဲ့အတွက် မနေ့ညနေပိုင်းမှာ သိန်းသန်းချီကားကြီးကွင်းကို ပြန်ရောက် လာတယ်၊ ဒါကြောင့် ခရီးသည်ယာဉ်လိုင်းတွေ ပုံမှန်ပြေးဆွဲပေးပါတယ်၊ ခရီးသည်တွေတော့ တော်တော်နည်းသွားပါတယ်လို့ မူဆယ်မြို့၊ သိန်းသန်းချီကားကြီးကွင်းရှိ အဝေးပြေးခရီးသည် ယာဉ်လိုင်းကြီးဂိတ်မှူးတစ်ဉီးက ခရီးသည်နည်းပါးပုံကို ပြောကြားသည်။

 

ကွတ်ခိုင်မြို့၊ အဝင်၊အထွက် လမ်းမတစ်ဖက်တွင် ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားပြီး ခရီးသည် ယာဉ်လိုင်းများ လုံခြုံရေးအခြေအနေအရ ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် သာမန်ယာဉ် များကို ယာယီပိတ်ထားခြင်းကြောင့် မူဆယ်မြို့သို့ ခရီးသည်ယာဉ်များ ပုံမှန်ထက် နောက်ကျ ပြီးမှသာ ရောက်ရှိလာသည်။ ခရီးသည်ယာဉ်များ မူဆယ်မြို့သို့ ရောက်ရှိပြီး ပုံမှန်ပြေးဆွဲ နေသော်လည်း ခရီးလမ်းလုံခြုံရေးအခြေအနေများ မတည်ငြိမ်ခြင်းများကြောင့် ခရီးသည်အများစု သည် ကြိုတင်ဖြတ်ထားသည့် လက်မှတ်ပြန်အမ်းပေးခြင်းများလည်းရှိသည်။

 

ခရီးသည်တွေ နည်းပါးတဲ့အတွက် ကုန်စည်တွေပဲများတယ်၊ ကြိုတင်ရောင်းပြီးသား လက်မှတ်တွေလည်း အကုန်ပြန်အမ်းပေးလိုက်ပြီဆိုတော့ ခုကျန်နေတဲ့ ခရီးသည်တွေကတော့ မဖြစ်မနေ သွားရမယ့် ခရီးသည်တွေပဲများတယ်လို့ ယာဉ်လက်မှတ် အရောင်းဝန်ထမ်းတစ်ဦးက ပြောကြားသည်။

 

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)