မုံရွာမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြော

မုံရွာ                 စက်တင်ဘာ                 ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မုံရွာမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ကလေးသူငယ် အခွင့်အရေးများ အပြည့်အဝ ရရှိခံစားနိုင်ရန် ရည်ရွယ်၍  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)ခုနှစ်နှင့် ပတ်သက်၍ သိကောင်းစရာများကို လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းရီက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ခုနှစ်) နှင့်ပတ်သက်၍ ကလေးသူငယ် တရားစီရင်ရေး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဆောင်ရွက်ရမည့် အစီအမံများ၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း (ပြစ်မှု့ပြစ်ဒဏ်များ) အကြောင်းကို  ရှင်းလင်း ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် မိတ်ဖက်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းတို့မှ တာဝန်ရှိသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)