မုံရွာမြို့ ကန်သာယာကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၁၅ဝဝဝဝ)မျိုး စိုက်ထည့်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကို ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက်(၇)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

 

ကန်သာယာကန် သန့်ရှင်းသာယာလှပရေးကို အထောက်အကူဖြစ်စေရန်၊ ကန်အတွင်း ရေချိုငါးမျိုးစိတ်များ ရှင်သန်ပေါက်ပွားစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း သိရသည်။

 

ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူများမှဦးဆောင်ပြီး ကန်သာယာကန်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ တစ်သိန်း ၊ ထိုင်းငါးခုံးမ အကောင်ရေ ငါးသောင်း တို့ကို စုပေါင်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

ကန်အတွင်း အပျော်တမ်းငါးမျှားခြင်းကို ခွင့်ပြုထားသော်လည်း ရေချိုငါးမျိုစိတ်များ မျိုးသုန်းမှုကို ကာကွယ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကန်အတွင်း ပိုက်ကွန်များ၊ ပိုက်များ ထောင်ပြီး ငါးဖမ်းဆီးခြင်း၊ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးခြင်းတို့ကို မပြုကြရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားကြောင်း သိရသည်။

 

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)