မုံရွာကုန်စည်ဒိုင်မိသားစုမှ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းနှင့် သီလရှင်ကျောင်း ၉ ကျောင်းအတွက် လှူဒါန်း

မုံရွာ ၂၀ အောက်တိုဘာ

 

မုံရွာကုန်စည်ဒိုင်မိသားစုမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းနှင့် သီလရှင်ကျောင်း ၉ ကျောင်းအတွက် ငွေကျပ် ၅၂ သိန်း၊ ဆန် ၂၄ ပြည်ပါ အိတ်အလုံး ၂၀၊  ဆီ ၁၀ ပုံး၊ ကြက်ဥ ၁၀ ဖာ၊ ပဲ ၄၈ ပြည်၊ ပဲကြော် များကိုလည်း လှူဒါန်းခဲ့ပါကြောင်း သိရသည်။

 

မုံရွာကုန်စည်ဒိုင်မှ တာဝန်ရှိသူများသည် မုံရွာမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများ ဖြစ်ကြသော  မဟာဇောတိကရာမကျောင်းတိုက်၊ အနောက်လယ်တီကျောင်းတိုက်၊ စန်းမြရောင်ခြည် ကျောင်းတိုက်၊ သထုံဝံသကျောင်းတိုက်၊ ဇောင်ကြမ်းပင်ကျောင်းတိုက်၊ ရန်ကင်းကျောင်းတိုက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၊ အုတ်ကန်တောရကျောင်းတိုက်၊ မြို့မရွှေကူကျောင်းတိုက်၊ အသောက ကျောင်းတိုက်၊ သုဗောတာရုံကျောင်းတိုက်၊ ပဇ္ဇောတာရုံ ကျောင်းတိုက်၊  ဧသုဝတီကျောင်းတိုက်၊ အရှေ့လယ်တီကျောင်းတိုက်၊ အနောက်လယ်တီ (သီလရှင်) ကျောင်းတိုက်၊ ချမ်းမြေ့ကျောင်းတိုက်၊ ပဥ္ဇူစက္ကကျောင်းတိုက်၊ ရတနာ့ရောင်ခြည်ကျောင်းတိုက်၊  ယင်းမာမြိုင် ကျောင်းတိုက်၊ သီလဝတီကျောင်းတိုက်၊ သာသနာ့ရောင်ခြည်(သီလရှင်)ကျောင်းတိုက်၊ မကုဋာရာ မကျောင်းတိုက် တို့အား လှူဒါန်းခဲ့ပါကြောင်း သိရသည်။

 

မွှေးကြူဇင်