မုန်လာဥနီနှင့် တူနာငါး အသုပ်

လွယ်ကူလှတဲ့  ဟင်းချက်နည်း တစ်မယ်ပါပဲ။

 

ပါဝင်ပစ္စည်းများ ( ၄ဦးစာ)

 

မုန်လာဥနီ   ( အကြီးတစ်လုံး)  ၂၅၀ ဂရမ်

 

တူနာငါး ဗူးတစ်ဝက် ( အသေး၊ ဆီစိမ်တူနာငါးဗူး) ၃၀ ဂရမ်

 

ကြက်သွန်နီ စားပွဲဇွန်း  ၂ ဇွန်း  ( နုပ်နုပ်စဉ်းထား)

 

ကြက်သွန်ဖြူ စားပွဲဇွန်း  ၁ ဇွန်း ( နုပ်နုပ်စဉ်းထား)

 

ဟင်းရွက်ဆီ  စားပွဲဇွန်း ၁ ဇွန်း

 

ဆား  အနည်းငယ်

 

ငရုတ်ကောင်းမှုန့် အနည်းငယ်

 

ရောစပ်ရန် 

 

White wine vinegar  စားပွဲဇွန်း ၁ ဇွန်း

 

သံပုရာရည်   စားပွဲဇွန်း  ၁ ဇွန်း

 

Wholegrain mustard  စားပွဲဇွန်း  ၁ ဇွန်း

 

ပြုလုပ်ပုံ

 

၁။ မုန်လာဥနီကို အခွံနွှာပြီး  ၅-၆ စင်တီမီတာအရှည် အချောင်းလေးတွေ လှီးပါ။ထို့နောက် အပူခံခွက်တစ်ခုထဲ ထည့်ပါ။ တူနာငါးတွေကိုလည်း ဗူးထဲကထုတ်ပြီး ဆီစစ်ထားပါ။

 

၂။  ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို   ဇလုံထဲထည့်ပါ။ ထို့နောက် ဟင်းရွက်ဆီ စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး  မွှေပါ။

 

၃။ ထို့နောက်ဇလုံကို ပလတ်စတစ် အကြည်နဲ့အုပ်ပြီး မိုက်ခရိုဝေ့ မီးဖိုထဲမှာ အပူချိန် ၆၀ဝ ဝပ်နှင့် စက္ကန့်  ၈၀ ထားပါ။

 

၄။ထို့နောက် ပလတ်စတစ်စကို ဖယ်ပြီး တစ်စစီဖဲ့ထားသည့်  တူနာငါးအသားနှင့် ရောစပ်ရန် အမယ်များကို ထည့်ပါ။ ထို့နောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပြီး နယ်ပါ။

 

ကိုးကား-NHK