မုံးကိုးမြို့တွင် ကိုရိုနာဗိုင်းရစ်ပ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

မုံးကိုး ၂၆ ဇန်နဝါရီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုမြို့၊ မြန်မာ-တရုတ်၊ နယ်စပ်အဝင်/အထွက်ဂိတ် (စစ်ဆေးရေးဂိတ်)တွင် ဇန်နဝါရီ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရစ်ပ်(အဆုတ်ရောင်)ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဖျားတိုင်းတာခြင်းစစ်ဆေးချက်များနှင့် ကျန်းမားရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

‌ေ

 

အဆိုပါကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို မုံးကိုးမြို့၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒီးအောင်က ကျန်းမာရေးဝန်ထမ်းများကို ဦးဆောင်ပြီး မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသန်းဇော်ဦးနှင့် ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ပေးသည်။

 

‌ေ

 

“သံသယရှိတဲ့ လူနာတွေကို တွေ့ရှိပါက စနစ်တစ်ကျဆောင်ရွက်ပြီး ဆေးကုသမှုတွေပြုလုပ်ရမှာ ဖြစ်ပါတယ်၊ သံသယရှိတဲ့လူနာဟာ တရုတ်နိုင်ငံသားဖြစ်ပါက တာဝန်ရှိတဲ့သူတွေနဲ့ချိတ်ဆက်ပြီး တရုတ်နိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံဘက်ကို ရောဂါတွေ ကူးစက်ပြန့်ပွားလာခြင်းမရှိစေရန်အတွက် ခုလိုကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ရခြင်းဖြစ်တယ်” လို့ ဒေါက်တာဒီးအောင်က ကျန်းမာရေး စစ်ဆေးရခြင်းအကြောင်းအရာများကို ပြောကြားသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)