မုံးကိုးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

မုံးကိုး ၁၅ ဇန်နဝါရီ

 

မူဆယ်ခရိုင် မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီက မုံးကိုးမြို့ ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

ရှေးဦးစွာ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဦးက ငယ်ရွယ်စဉ်အခါ စာအုပ်၊ စာပေများများဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်၊ စာအုပ်၊ စာပေများကို များများဖတ်ရှုနိုင်မှသာလျှင် လူမှုဆက်ဆံရေး၊ အပြောအဆို၊ အနေအထိုင်များလည်း တခြားသူများထက် သာလွန်မည်ဖြစ်ကြောင်း၊ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများလည်း လေ့လာဖတ်ရှုမှတ်သားကြရန် လိုအပ်ကြောင်းနှင့် မုံးကိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ မိမိဖတ်ရှုလိုသည့် စာအုပ်၊ စာပေများကို အခမဲ့လာရောက်ငှားရမ်းပြီး ဖတ်ရှုနိုင်ကြောင်းပြောကြားသည်။

 

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူတို့ စာဖတ်ဝိုင်း ပြုလုပ်ကျင်းပပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က အမှတ်တရလက်ဆောင်များပေးအပ်သည်။

 

mdn

 

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသားများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်းသိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)