''MULHOLLAND DRIVE'' ဇာတ်ကားကို FDC တွင် ခွဲခြမ်းစိတ်ဖြာလေ့လာမည်

ရန်ကုန် ၁၄ သြဂုတ်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၊ Cinematheque Program ၏ ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ သြဂုတ် ၁၈ ရက်(တနင်္ဂနွေ)နေ့၊ မွန်းလွဲ ၁၂ နာရီ မှ ညနေ ၄ နာရီ အထိ ပြသဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
 
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ယခုတစ်ပတ်တွင် ဒါရိုက်တာ David Lynch ရိုက်ကူးသော ''MULHOLLAND DRIVE'' ဇာတ်ကားကို ပြသပြီး အဆိုပါဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမည်ဖြစ်သည်။ 

ယင်းဇာတ်ကားသည် Drama, Mystery, Thriller အမျိုးအစားဖြစ်ပြီး ၂၀ဝ၁ ခုနှစ် Cannes Film Festival တွင် Best Director Award ဆုနှင့် ၂၀ဝ၂ ခုနှစ် National Society of Film Critics Award ဆုပေးပွဲတွင် Best Actress ဆုကို ရရှိခဲ့သည့် ဇာတ်ကားကောင်းတစ်ကားဖြစ်သည်။ 

အဆိုပါ Film Analysis ပြုလုပ်ခြင်း အစီအစဉ်တွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းက ဦးဆောင်ဆွေးနွေးမည်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ တက်ရောက်လေ့လာနိုင်ပါကြောင်း သိရသည်။ 

သန့်ဇင်ဝင်း