မုဒုံမြို့နယ် အဘစ်ကျေးရွာတွင် ရေနွေးအိုးတည်ရာမှ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

မုဒုံ   ၅  စက်တင်ဘာ     

 

မွန်ပြည်နယ် မုဒုံမြို့နယ် ဆက်သွယ်ကျေးရွာအုပ်စု အဘစ်ကျေးရွာ အလယ်တံခွန်တိုင်လမ်းတွင် ယနေ့နံနက် (၃)နာရီခွဲ၌ ရေနွေးအိုးတည်ရာမှ တစ်ဆင့်ဘေးတွင် ကာထားသော ဝါးထရံအားမီးကူးစက်လောင်ကျွမ်းပြီး နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုကြောင့် ဦးမောင်ထော်ကျော် (၄၀) နှစ်၏ နေအိမ် ( ၁၅× ၂၀ )ပေ ဓနိမိုးဝါး ထရံကာပျဉ်ခင်း (၁)ထပ်နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်မှုဖြစ်ပွားသည့် နေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးနှင့် သန္ဓေ(၁၀)ဦး၊ အရန်မီးသတ်(၁၅)ဦးတို့က မီးသတ်ယာဥ်(၅)စီး၊ ရေသယ်ယာဥ်(၁)စီးတို့ဖြင့်  ထွက်ခွာခဲ့ရာ ၃နာရီ မိနစ် ၅၀  တွင် မီးလုံးဝငြိမ်းခဲ့ပြီး  လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)