မတ္တရာမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ

မတ္တရာ ၃ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ဈေးရောင်း ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ဖွင့်ပွဲကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသူမြင့်နှင့် နန်းတော်ဝင် စာပေတိုက်မှ ဒေါ်လေးမွန်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များမှ စာအုပ်ပြခန်းများသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

အဆိုပါ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် ကလေးများအကြိုက် ကာတွန်း၊ ပုံပြင်၊ ၃၈ ဖြာ မင်္ဂလာ ရုပ်ပြစာအုပ်များနှင့် သုတ/ရသ စာအုပ်မျိုးစုံကို ဈေးနှုန်းချိုသာစွာဖြင့် နိုဝင်ဘာ ၃ ရက်မှ ၇ ရက်ထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)