မတ္တရာမြို့နယ်အတွင်း ငါးမျိုးများစိုက်ထည့်ခြင်းနှင့် သုတေသနအင်းအား ကွင်းဆင်းစစ်ဆေး

မတ္တရာ  ၂၄  ဇွန်

 

မတ္တရာမြို့နယ်၊ တောင်ကန် ကန် ၌ ရေနံသာငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်းကောင်ရေ တစ်သိန်း နှင့် ဘေးမဲ့ကျေးရွာရှိ တစ်နိုင်တစ်ပိုင်ငါးသားဖောက်ရုံမှ ငါးမြစ်ချင်းကောင်ရေ ငါးသောင်း စုစုပေါင်းကောင်ရေ တစ်သိန်းခွဲအား မျိုးစိုက်ထည့်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ မန္တလေးတိုင်းငါးလုပ်ငန်းဦးစီးဌာနမှူး ဦးပေါ်လွင်၊ ပြင်ဦးလွင်ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးစောဝဏ္ဏ၊ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်ခိုင်၊ မြို့နယ်ထွေ/အုပ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တောင်ကန်ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးနှင့်ရွာသားများ၊  ရေနံသာငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအေးလွင်နှင့်ဝန်ထမ်းများတက် ရောက်ခဲ့ကြသည်။

 

ထို့နောက် တိုင်းငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်အဖွဲ့သည် မတ္တရာမြို့နယ်ရှိ သုတေသနအင်း (စကျင်ကန်တွင်းအင်း)သို့သွားရောက်ပြီး မျိုးငါးများ မျိုးပွားအင်္ဂါရင့်ကျက်မှု ရှိ/မရှိ၊  လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများကို ပုံမှန်ကွင်းဆင်းစစ်ဆေးခဲ့ပြီး သုတေသနအင်းလုပ်ကိုင်သူ ဦးမြတ်ထွဋ်မှ ရေနံ့သာငါးလုပ်ငန်းစခန်းအတွက် သဘာဝငါးမျိုးများဖြစ်သော ငါးဂျောင်း(၆) ကောင်၊ ငါးကြင်းဖြူ (၆)ကောင်နှင့် ငါးဖမ်းမ(၃၅)ကောင်တို့အား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

MDN