မတ္တရာမြို့ ကမ္ဘောဇဘဏ်၌ ငွေစက္ကူများအား ရေတွက်စစ်ဆေးနေစဉ် ငွေစက္ကူအတုများတွေ့ရှိ၍ မြို့မရဲစခန်းသို့ လာရောက်အပ်နှံ

နေပြည်တော် ၁ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ အမှတ်(၂)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ် (မတ္တရာဘဏ်ခွဲ) ၌ ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီက ငွေစက္ကူများအား ရေတွက်စစ်ဆေးနေစဉ် ၁၀ဝ၀ဝ ကျပ်တန်နှင့် ၅၀ဝ၀ ကျပ်တန် ငွေစက္ကူအတုများတွေ့ရှိ၍ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

 

လက်ထောက်ကြီးကြပ်ရေးမှူး ကျောက်တံတားကျေးရွာနေ ဒေါ်အေးမို့မို့စိုး (၂၉)နှစ်နှင့် အဖွဲ့သည် ငွေစက္ကူများအား ရေတွက်စစ်ဆေးနေစဉ် ၁၀ဝ၀ဝ ကျပ်တန် ငွေစက္ကူအတု ၁၄ ရွက်နှင့် ၅၀ဝ၀ ကျပ်တန် ငွေစက္ကူအတု ၁ ရွက် စုစုပေါင်း ငွေစက္ကူအတု ၁၅ ရွက် (ကျပ် ၁၄၅၀ဝ၀)အား တွေ့ရှိခဲ့၍ မတ္တရာမြို့မရဲစခန်းသို့ လာရောက်အပ်နှံသဖြင့် ထိန်းသိမ်းထားရှိကြောင်းနှင့် အဆိုပါ ငွေစက္ကူအတုများအား ပဏာမစစ်ဆေးရာ အတုသည် အစစ်ထက် အနံ ၁ မီလီမီတာတိုပြီး ကာလာပရင်တာနည်းဖြင့် တုပထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

MDN

Source: ရဲပြန်ကြား