မှတ်တိုင်တွင် မရပ်သော Bus ကားများ၊ Bus ကားမှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော တက္ကဆီနှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်

ရန်ကုန်  ၈ မေ

 

ရန်ကုန်မြို့တော်အတွင်း မှတ်တိုင်တွင် မရပ်သော Bus ကားများ ၊ Bus ကားမှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော Taxi နှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဖာမျိုးက ပြောသည်။

 

လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ မေးမြန်းသည့်  ''လှိုင်သာယာမြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိနေပါသဖြင့် Bus မှတ်တိုင်နှင့် ယာဉ်ရပ်ရန် နေရာသတ်မှတ် တည်ဆောက်ပေးရန်နှင့် သတ်မှတ်နေရာများတွင် ယာဉ်များရပ်နားရေးအတွက် စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ'' မေးမြန်းမှုကို ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဖာမျိုးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

 

ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဖာမျိုး က '' YBS စနစ်အကောင်အထည်ဖော်ခြင်း ဒုတိယနှစ်တွင် Bus ကားမှတ်တိုင်များ၊ ယာဉ်ရပ်နားရန် နေရာများကို YRTA အစီအစဉ်ဖြင့် တည်ဆောက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မှတ်တိုင်တွင် မရပ်သော Bus ကားများ၊ Bus ကားမှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော Taxi နှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါကြောင်း”  ပြန်လည်ဖြေကြားခဲ့သည်။ 

 

MDN