မတ်လ ၂၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည်

နေပြည်တော် ၂၆ မတ်

 

နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက က  နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

 

ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ တစ်ဦးကို စိစစ်အတည်ပြုပြီး ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃ ပုဒ်မ (ဃ)၊ နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၄၇ နည်းဥပဒေခွဲ (ခ) တို့အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်သည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့က ဒုတိယသမ္မတသုံးဦးအနက်မှ မိမိတို့ ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

 

 

MDN