မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်း

ဘားအံ   ၂၀    စက်တင်ဘာ  

 

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ထံသို့ မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင်အား ရှင်းလင်းတင်ပြနိုင်ရေးအတွက် ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ (၁၉)ရက် နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင်  လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ထိုသို့ လာရောက်တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူးဦးကျော်စိုးတို့က လက်ခံတွေ့ဆုံကြရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် ယူနီဆက်မှ ဒေါက်တာနန္ဒအောင်တို့က မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။

 

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်း၊ညွှန်ကြားရေးမှူး ဦးစွမ်း ရည်ရ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ အတွင်းရေးမှုးဦးမြတ်သူဝင်းနှင့် ယူနီဆက်မှ ဒေါက်တာ နန္ဒအောင် နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ မသန်စွမ်းအဖွဲ့အစည်းများအား ဘားအံမြို့သီရိဘားအံ ဟိုတယ်တွင် တွေ့ဆုံပြီး မသန်စွမ်းသူများအား မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များ၊ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ကြပြီး တက်ရောက်လာကြသူများနှင့် မသန်စွမ်းမှုအလိုက် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


                                        
နေမျိုးလွင်(ပြန်/ဆက်)