မရင်းကြီးကျေးရွာ၌ မူးယစ်ဆေးဝါးဆိုင်ရာနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု မရင်းကြီးကျေးရွာ၌ ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ တနင်္သာရီမြို့နယ်မှကြီးမှူး၍ မှုခင်းကျဆင်းရေးနှင့် မှုခင်းလျော့နည်း ပပျောက်စေရေးအတွက် မူးယစ်ဆေးဝါးဆိုင်ရာများနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ တနင်္သာရီမြို့မရဲခန်းမှူး ဒုရဲမှူးတင်အောင်က မူးယစ်ဆေးဝါးများ၏ အန္တရာယ်၊ မိသားစုအလိုက် နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူတို့၏ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ၊ တည်ဆဲဥပဒေများအကြောင်းနှင့် ကလေးသူငယ် အဓိပ္ပါယ်ဖွင့်ဆိုချက်၊  ကလေးသူငယ်များ အခွင့်အရေးအပြည့်အဝ ခံစားခွင့်ရရှိရေးအတွက် မိဘတိုင်း သိထားသင့်သည့် သတိပြုစရာအချက်များ စသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးရာ ဒေသခံများမှ သိလိုသည်များ မေးမြန်းမှုကို မြို့မရဲစခန်းမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရသည်။

 

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)