မရမ်းကုန်းမြို့နယ်၌ Online ဖြင့် လောင်းကစားပြုလုပ်နေသူများအား ဖမ်းဆီး

နေပြည်တော်  ၂၇  မေ

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် Online ဖြင့် လောင်းကစားပြုလုပ်နေသူများအား မေ ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဇော်ဇော်ဦး(၄၃)နှစ်၏ နေအိမ်အား လောင်းကစား ပြုလုပ် နေကြောင်း သတင်းအရ မေ ၂၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ဇော်ဇော်ဦးအား လောင်းကစားပြုလုပ်နေသူ တစ်ရပ်ကွက်တည်းနေ ဖြိုးမြင့်သူ(၃၃)နှစ်ပါ ၈ ဦးတို့နှင့်အတူတွေ့ရှိပြီး နေအိမ်ဧည့်ခန်းအတွင်း၌ Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃ လုံး၊ ဖုန်း ၁၅ လုံး၊ ဘဏ်စာအုပ် ၆ အုပ်နှင့် ဘဏ်ကတ်မျိုးစုံ၊ နိုင်ငံကူးလက်မှတ် စာအုပ် ၃ အုပ်၊ ငွေလွှဲလက်ခံပြေစာ ဖြတ်ပိုင်း ၂၁ ရွက်၊ ငွေစက္ကူရောရာ ၃,၃၀၀,၀၀၀ ကျပ်၊ Wi-Fi လွှင့်စက် ၁ လုံး၊ Wave Money လုပ်ကိုင် သည့် ဆင်းကတ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဇော်ဇော်ဦးပါ ၉ ဦးတို့အား ဘုရင့်နောင်နယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ရဲပြန်ကြား