မရမ်းကုန်းမြို့နယ်၌ လောင်းကစားဂိမ်းဆိုင်များ ဖမ်းဆီးအရေးယူထား

နေပြည်တော် ၁  မေ 


    
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက် ဘုရင့်နောင်ပွဲရုံတန်း အခန်းအမှတ် (ဂ/၂၇/B) ရှိ Super Top (SS) ဂိမ်းဆိုင်၌ ဧပြီ ၂၉ ရက် ညနေ ၃ နာရီခွဲက ငါးမန်းဂိမ်း လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တိုင်းတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

 

ယင်းသို့ စစ်ဆေးခဲ့ရာ ဆိုင်ပိုင်ရှင် ရန်နိုင်အောင် (၂၃) နှစ်ပါ ဆိုင်ဝန်ထမ်း ၄ ဦး၊ ငါးမန်းဂိမ်း လောင်းကစားပြုလုပ်နေသူ လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်း ကျေးရွာနေ ကိုကိုသက် (၂၂) နှစ်ပါ ၂ ဦးတို့နှင့်အတူ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ငွေ ၇၆၃,၀၀၀ ကျပ်နှင့် ဆက်စပ်ပစ္စည်းတို့အား သိမ်းဆည်းဖမ်းဆီးရမိခဲ့သဖြင့် ရန်နိုင်အောင်ပါ ၆ ဦးအား ဘုရင့်နောင်နယ်မြေရဲစခန်း အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)