မရမ်းကုန်းမြို့နယ်အခြေစိုက် လူမှုရေးအသင်းအဖွဲ့များအား PPE ဝတ်စုံများထောက်ပံ့

ရန်ကုန်၊  ၁၇  ဒီဇင်ဘာ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီပေးနေကြ‌သော မရမ်းကုန်းမြို့နယ် အခြေစိုက် လူမှုအ‌ထောက်အကူပြုအသင်းအဖွဲ့များအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ် က PPE ဝတ်စုံ (၁၀၅)စုံနှင့် KN 95 Mask (၂၅၀) ခုတို့ကို အသင်းတာဝန်ရှိသူများထံသို့ ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ရာတွင် မရမ်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်မှ လိုအပ်သည့်လုပ်ငန်းအခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ပြီး မြို့နယ်အခြေစိုက် ရွှေရောင်းသမိုင်း လူမှုကူညီရေးအသင်းအတွက် PPE Level-3 (၃၀)စုံ၊ Level-2 (၁၀)စုံ၊ KN 95 (၁၀၀)ခု၊ မြတ်ကုသိုလ် လူမှုကူညီရေးအသင်းအတွက် PPE Level 3 (၃၀)စုံ၊ Level-2 (၁၀)စုံ၊ KN 95 (၁၀၀)ခု၊ မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်းအတွက် PPE Level-3 (၂၀)၊ Level 2 (၅) စုံ၊ KN 95 (၅၀)ခုတို့ကို အညီအမျှခွဲ‌ဝေ‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓာတ်ပုံ-မျိုးကြီး