MRI အန္တရာယ် ကင်းရှင်းရေး

ခေတ်သစ်ဆေးပညာ လောကတွင် လူနာနှင့် ကျန်းမာရေး ဝန်ဆောင်မှုပေးသော လုပ်သားများအတွက် “Health & Safety” ကျန်းမာရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းမှုသည် အရေးကြီး လှပေသည်။ 

 

ထို့ကြောင့် လူနာများ ဆေးကုသရေးတွင် ရောဂါရှာဖွေရာ၌ အရေးပါလှသော ပုံရိပ်ဖော်ခြင်း နည်းပညာမှာလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်လာသည်။ သို့သော် ပုံရိပ်ဖော် နည်းပညာများတွင် အိုင်ယွန်းဖြစ် ဓာတ်ရောင်ခြည် (သို့) အိပ်စ် ရောင်ခြည်၊ ဂမ္မာရောင်ခြည်တို့ အသုံးပြုသကဲ့သို့ ဓာတ်ရောင်ခြည်ထွက် ပစ္စည်းမဟုတ်သော ပုံရိပ်ဖော် နည်းပညာများလည်း ရှိပေသေးသည်။ ယင်းတို့မှာ အသံလှိုင်းလွန်ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်း၊ သံလိုက်ခွင်ကျခြင်း နိယာမကို အသုံးပြု၍ ပုံရိပ်ဖော် ရောဂါရှာဖွေခြင်းဟူ၍ ရှိပေသည်။ 

 

ဤစာစုတွင် သံလိုက်ခွင်ကျခြင်း နိယာမကို အသုံးပြု၍ ပုံရိပ်ဖော်ခြင်း အတတ်ပညာတွင် ရှောင်ရန်၊ ဆောင်ရန်များကို တင်ပြလိုပေသည်၊ အမ်အာရ်အိုင်သည် "သုံးတတ်လျှင်ဆေး၊ မသုံး တတ်လျှင်ဘေး" ဆိုသော ဆောင်ပုဒ်အရ လူနာနှင့် လူနာရှင်၊ ဝန်ထမ်းများ ဘေးအန္တရာယ် ကင်းစေလိုသည့် ဆန္ဒမွန်ဖြင့် ရေးသားရပါသည်။ 

 

အမ်အာရ်အိုင်(MRI) ဆိုတာဘာလဲ 

 

အမ်အာရ်အိုင်ဆိုသည်မှာ သံလိုက်ခွင်ကျခြင်း နိယာမကို အသုံးပြု၍ လူ့ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများကို ပုံဖော်ခြင်းဖြစ်သည်။ ဤပုံရိပ်ဖော်နည်းသည် နာကျင်ခြင်း မရှိသကဲ့သို့ ဘေးအန္တရာယ်လည်း မရှိပါ၊ ဓာတ်ရောင်ခြည် အန္တရာယ် ဖြစ်စေနိုင်သော အိပ်စ်ရောင်ခြည်ကို အသုံးပြုခြင်းလည်း မရှိပေ။ အမ်အာရ်အိုင်သည် သံလိုက်၊ ရေဒီယိုလှိုင်းနှင့် ကွန်ပျူတာကို တွဲဖက်အသုံးပြုပြီး ခန္ဓာကိုယ်တွင် ပုံရိပ် ဖော်နိုင်သည့်အတွက် ရိုးရိုးဓာတ်မှန် ရိုက်ကူးမှုတွင် မတွေ့နိုင်သော ရောဂါ အချက်အလက်များကို တွေ့ရှိနိုင်မည် ဖြစ်သည်။ 

 

အမ်အာရ်အိုင် စက်မည်သို့ ပုံရိပ်ဖော်သနည်း 

 

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် အက်တမ်ဟု ခေါ်သော အမှုန်သေးလေးများ မြောက်မြားစွာ ရှိသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် ရေဓာတ် ၉၅ ရာခိုင်နှုန်းဖြင့် တည်ဆောက် ထားသည်ဖြစ်ရာ ရေတွင် အဓိက ပါဝင်သော ဟိုက်ဒရိုဂျင် အက်တမ်များသည် ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင် ရောက်တတ်ရာရာ ရည်မှန်းချက် မရှိဘဲ လှည့်လည်နေသည်။ သို့သော် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ပြင်းအား ကောင်းသော သံလိုက်စက်ကွင်းထဲသို့ ရောက်ရှိပါက ဟိုက်ဒရိုဂျင် အက်တမ်များသည် သဘာ၀ အလျောက် တန်းစီပြီး တူညီသော ဦးတည်ရာ လမ်းကြောင်းအတိုင်း လည်နေသည်။ ရေဒီယိုလှိုင်းသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသောအခါ ဟိုက်ဒရိုဂျင် အက်တမ်များသည် တုန်ခါပြီး အချက်ပြခြင်းကို ဖြစ်ပေါ်စေသည်။ ဤအချက်ပြခြင်းများကို ကွန်ပျူတာ အကူအညီဖြင့် ပုံရိပ်ဖော်စက်က ဖမ်းယူပြီး ခန္ဓာကိုယ်တွင်း အင်္ဂါများ၏ ဖြစ်ပေါ်နေမှု အဖြေမှန်ကို ပုံရိပ်ဖော် ပေးခဲ့သည်။ 

 

အမ်အာရ်အိုင် စမ်းသပ်မှုတွင် မည်သို့လုပ်ဆောင်သနည်း 

 

ဓာတ်မှန်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ နည်းပညာရှင်သည် လူနာကို သံလိုက် စက်ကွင်းထဲတွင် လဲလျောင်းသော အနေအထားဖြင့် အိပ်စေပါမည်။ ဓာတ်မှန်ဘက်ဆိုင်ရာ ကျွမ်းကျင်သူက လူနာအား အမ်အာရ်အိုင် ရိုက်ကူးမှုနှင့် ပတ်သက်၍ လိုက်နာလုပ်ဆောင်ရန် ရှင်းပြသည်။ အဓိကအားဖြင့် လူနာသည် လုံးဝလှုပ်ရှားခြင်း မရှိစေရပါ။ ခန္ဓာကိုယ် လှုပ်ရှားပါက ပုံရိပ်ဖော်ရာတွင် ပုံရိပ်ကောင်း မရနိုင်ပါ။ အမ်အာရ်အိုင် ရိုက်ကူးနေချိန်တွင် ဆူညံသံကြားနေရပါမည်။ ဤဆူညံသံ သက်သာစေရန်အတွက် လူနာအား နားကြပ်ပေးထားပါမည်။ အမ်အာရ်အိုင် ရိုက်ကူးမှုမှာ သာမန်အားဖြင့် မိနစ် ၃၀ မှ ၄၅ မိနစ်အထိ ကြာနိုင်သည်။ ထိုအချိန်အတွင်း ကျွမ်းကျင်သူက လူနာနှင့် အမြဲ ဆက်သွယ်နေပါမည်။ 

 

မည်သို့သော ကြိုတင်ပြင်ဆင်မှု လိုအပ်သနည်း 

 

လူနာသည် အမ်အာရ်အိုင် မရိုက်ကူးမီ အိမ်မှဝတ်ဆင်လာသော အင်္ကျီ၊ ဘောင်းဘီတို့ကို ဆေးရုံမှဝတ်ရုံဖြင့် လဲစေမည်ဖြစ်ပါသည်။ ထို့အတူ လက်ပတ်နာရီ၊ ငွေထုတ်ကတ် (Credit Card) များကို သံလိုက်စက်ကွင်းထဲ မရောက်စေရန် အခြားနေရာတွင် သိမ်းထားရမည်။ ထို့ပြင် သံနှင့်ပြုလုပ်ထားသော လူအသုံးအဆောင်ပစ္စည်း၊ နားကြပ်၊ ဆံထိုး၊ ဆံညှပ်စသည်များကို ဦးခေါင်းမှ ဖယ်ရှားရန် လိုသည်။ သောက်နေကျ ဆေးများကိုမူ သောက်သုံးနိုင်သည်။ အစားအစာ များကိုလည်း ပုံမှန်စားသောက် နိုင်သည်။ 

 

Ferromagnetic ဆိုတာဘာလဲ 

 

Ferrous ဟုဆိုသော ဝေါဟာရမှာ လက်တင် ဘာသာမှလာပြီး သံ(Iron)ဟု အဓိပ္ပာယ် ရသည်။ သံအချို့သည် သံလိုက်သတ္တိ ရှိကြသည်။ သတ္တု စပ်လောဟာ (Alloy)တွင် သံဓာတ်ပါဝင်မှု အချိုးအစားပေါ် မူတည်၍ သံလိုက်ဓာတ်၏ ဆွဲဆောင်မှု ရှိကြသည်။ ဥပမာ သံမဏိ (Steel) နှင့် သံမျိုးစုံ (MRI) စက်တွင် သံလိုက်မှာ အင်အားကြီးမားသဖြင့် သံထည်ပစ္စည်းများအတွက် အန္တရာယ် ကြီးမားပေသည်။ 

 

အမ်အာရ်အိုင် ရိုက်ကူးမှု မပြုနိုင်သော အချက်များက ဘာလဲ 

 

လူနာသည် အောက်ဖော်ပြပါ အချက်အလက် တစ်ခုခုနှင့် ငြိစွန်းပါက အမ်အာရ်အိုင် ရိုက်ကူးမှု မလုပ်နိုင်ပေ။ 

 

Pregnancy

Carotid clips

Aortic clips

Brain surgery clips

Neuro simulator

Shunt

Harrington rods

Tattooed Eye liner

Fractured Bones Treated with

Metal

Breast feeding

Insulin pump

Cardiac pacemaker

Cochlear implants

Prosthesis

Orbital/Middle Ear

Biosimulator

Metal fragments, shrapnel, bullets?

Ever worked with metal, welding

or grinding?

IUD

Dentures

Heart valves

Heaving Aid

Lower suture

Joint replacement

 

ပိတ်လှောင်ကြောက်လွန်စိတ်ရောဂါ (Clastrophobia) ရှိသလား 

 

လူနာသည် ယင်းကဲ့သို့ ကြောက်စိတ်များ ရှိခဲ့ပါက အမ်အာရ်အိုင် မရိုက်မီ ဓာတ်မှန် ကျွမ်းကျင်သူများ ကြိုတင်ပြောကြားရမည် ဖြစ်ပါသည်။ သို့မှသာ ဆရာဝန်သည် စိတ်ငြိမ်ဆေးကို မရိုက်ကူးမီ တိုက်ကျွေးနိုင်မည် ဖြစ်သည်။ 

 

ယခင်က ရေဒီယို အလင်းပိတ်ဆေး (Contrast) ထိုး၍ ရိုက်ကူးခဲ့ဖူးပါသလား 

 

လူနာသည် ယခင်က အမ် အာရ် အိုင်ရိုက် ကူးခဲ့ရာတွင် Contrast ဆေးထိုး၍ ရိုက်ကူးခဲ့ဖူးလျှင် ကျွမ်းကျင်သူတို့အား အသိပေးပါ။ ယခု တစ်ကြိမ်လည်း ဆေးထိုး၍ ရိုက်ကူးရန် ရှိခဲ့လျှင် လူနာသည် - 

 

(၁) ယခုနှင့် ယခင် ကျောက်ကပ်ရောဂါ ရှိ/မရှိ 

 

(၂) အသက် ၆၀ ကျော်လူနာ 

 

(၃) ဆီးချို သွေးချို လူနာရှင် စသည် အချက်များကို ဆရာဝန်အား ပြောပြ ရန် လိုအပ်ပါသည်။ 

 

ကြိုတင်ကာကွယ်ရေး 

 

အန္တရာယ်ကို ကြိုတင်ကာကွယ်သောအားဖြင့် MRI အခန်းတွင် Metal Detector များ တပ်ဆင်ထားရသည်။ အကယ်၍ ဤသို့အခန်း ပေါက်ဝတွင် တပ်ဆင်ခြင်းမပြုပါက Portable Hand held metal detector ဖြင့်လူနာ၊ လူနာရှင်၊ သူနာပြုစသည်တို့အား MRI အခန်းတွင်း မဝင်မီ သံထည်ပစ္စည်း ပါ/မပါ စစ်ဆေးပေးရမည်။ 

 

သံလိုက်စက်ကွင်း ကန့်သတ်နယ်မြေသတ်မှတ်ခြင်း 

 

MRI စက်ခန်း၊ Control ခန်း၊ လူနာများ နားနေခန်း စသည့် နေရာများသည် သံလိုက်စက်ကွင်းမှ လွတ်ကင်းစေရန် သတ်မှတ်ချက်ရှိသည်။ 

 

Zone (1) ဤနေရာသည် အန္တရာယ်ကင်း နေရာအဖြစ် သတ်မှတ်သည်။ 

 

Zone (2) ယင်းဧရိယာသည် လူနာများနှင့် အခြားသူများ အန္တရာယ်ကင်းစွာ သွားလာနိုင်သည်။  သို့သော် MRI ဝန်ထမ်းများ၏ ညွှန်ကြားချက် လိုက်နာရမည်။ 

 

Zone (3) MRI စက်ထားရှိရာ အခန်း အဝင်ဝမှ နေရာကို သတ်မှတ်ထားသည်။ 

 

Zone (4) MRI စက်ထားရှိရာ အခန်းကို သတ်မှတ်သည်။ 

 

သံလိုက်စက်ကွင်း ဧရိယာအတွင်း အရာဝတ္ထုများ ကိုင်တွယ်မှု သတိပေးချက် 

 

(၁) သံလိုက်မဟုတ် အခြားသံလိုက် ဓာတ်ပါသော ပစ္စည်းများကို အင်အားကြီးသည့် သံလိုက်စက်ကွင်း အနီးတွင် ကိုင်တွယ်ခြင်း မပြုရချေ။ သတိမမူဘဲ ကိုင်တွယ်မှုကြောင့် လူနာနှင့်ဆေးရုံ ဝန်ထမ်းတို့ သေဆုံး၊ အနာတရဖြစ်မှုပေါင်း သာဓကများစွာ ရှိခဲ့သည်။ 

 

(၂) သံလိုက်စက်ကွင်း အနားတွင် Floppy Disks, Tapes, Credit Cards စသည်များ ယူဆောင်မသွားရ၊ ပျက်စီးတတ်သည်။ 

 

(၃) သံမဟုတ်သော လူ့အသုံးအဆောင် ပစ္စည်းများ၊ (ဥပမာ - ရွှေထည်၊ ငွေထည်၊ ဆံညှပ်၊ ကြယ်သီးနှင့် Prosthetic များ) စသည်ဖြင့် သံလိုက်စက်ကွင်း ဧရိယာတွင် ခွင့်မပြုနိုင်။ အကြောင်းမှာ သံထည်မဟုတ် သော်လည်း Radio frequency (RF) Signzl ကို နှောင့်ယှက်ပြီး ပုံရိပ်ဖော်မှုတွင် Artifacts ဖြစ်စေနိုင်သည်။ 

 

(၄) MRI Safeor conditioning ဖြစ်သော လူနာအတွက် တွန်းလှဲ၊ rolley အောက်စီဂျင် ဘူးများကို MRI အခန်းတွင်းတွင် အသုံးပြုနိုင်သည်။

 

Helium အရည်နှင့် Nitrogen အရည်များ အန္တရာယ်ကင်းစွာ ကိုင်တွယ်ရေး 

 

Helium အရည်သည် Atomic Number 2 ရှိပြီး Mass Number 4 ရှိသည်။ ယင်းအရည်သည် သံလိုက်များကို အအေးခံရန် အသုံးပြုသည်။ အထူးသဖြင့် Super conductor အတွက်ဖြစ်သည်။ ယင်း Helium များ ကိုင်တွယ်သောအခါ Cryo-gloves ဖြင့် ကိုင်တွယ်ရသည်။ Helium အရည်သည် အလွန်အေးသဖြင့် လူ၏တစ်သျှူးများကို အေးခဲစေပြီး နှင်းကိုက်သကဲ့သို့ ခံစားရနိုင်သည်။ 

 

သံလိုက်ကို အရေးပေါ် ပိတ်လိုက်ရခြင်းကို Quench ဟု ခေါ်သည်။ Quench ၏ အဓိပ္ပာယ်မှာ ငြှိမ်းသတ်ခြင်းဟု အဓိပ္ပာယ်ရသည်။ Quench ဖြစ်သည့်အခါ  Helium အရည်သည် လျင်မြန်စွာ အငွေ့အဖြစ် ပြောင်းလဲပြီးနောက် အခိုးအငွေ့ ထွက်ပေါက်မှ အဆောက်အအုံ အပြင်သို့ ထွက်သွားသည်။ အကယ်၍ အခိုးအငွေ့ထွက် ပေါက်တွင် ပြဿနာရှိခဲ့လျှင် အပြင်သို့ မထွက်ဘဲ MRI အခန်းတွင်း ပျံ့နှံ့သွားသည့်အတွက် အခန်းတွင်းရှိ အောက်စီဂျင်နှင့် ပူးပေါင်းပြီး  သက်ရှူကျပ်စေခြင်းကို ဖြစ်စေသည့် အန္တရာယ် ရှိသကဲ့သို့ အခန်းတွင်းရှိပစ္စည်းများကိုလည်း ပျက်စီးစေနိုင်သည်။ 

 

အထက်တွင် တင်ပြခဲ့သော ဆောင်ရန် ရှောင်ရန်များကို စနစ်တကျ ကိုင်တွယ်အသုံးပြု လိုက်နာမည် ဆိုပါက MRI ကို ဘေးကင်းစွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။ ။

 

ခင်မောင်တင် (ဓာတ်ရောင်ခြည်)