Moderna ဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိဟု ဆို

၁၇ နိုဝင်ဘာ

 

 

အမေရိကန်ဆေးဝါး ကုမ္ပဏီဖြစ်သည့် Moderna က ၎င်းတို့ ထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာ ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။

 

 

အဆိုပါကုမ္ပဏီက ဗိုင်းရပ်စ်ကာကွယ်ဆေး၏ တတိယအဆင့် စမ်းသပ်မှု လေ့လာဆန်းစစ်ချက်ကို ယမန်နေ့က ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။

 

 

အမေရိကန် ပြည်ထောင်စုရှိ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် လူပေါင်း ၃၀၀၀၀ ကျော်ကို စမ်းသပ်ပေးရာတွင် ၉၅ ရာခိုင်နှုန်း အခြေအနေ ကောင်းမွန်သည်ဟု အတည်ပြုနိုင်ခဲ့သည်။

 

 

ရောဂါဖြစ်ပွားသူ ၉၅ ဉီးတွင် ကာကွယ်ဆေး ထိုးထားသည့် အုပ်စုရှိ လူ ၉၀ မှာ အခြေအနေ ကောင်းမွန်လျက် ရှိသည်ဟု ဆိုသည်။ 

 

 

အဆိုပါ ကာကွယ်ဆေး၏ ထိရောက်မှုကို တွက်ချက်ရာတွင် ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

 

 

ကာကွယ်ဆေး၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မရှိကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

 

 

လာမည့် ရက်သတ္တပတ်များအတွင်း အမေရိကန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ အရေးပေါ် အသုံးပြုခွင့် လျှောက်ထားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ဆိုသည်။

 

 

အမေရိကန်ပြည်ထောင်စု အနေဖြင့် ၂၀၂၀ ပြည့်နှစ် အကုန်တွင် ဆေးအလုံးရေ သန်း ၂၀ တင်ပို့ရန် အဆင့်သင့် ရှိနေပြီဟု ခန့်မှန်းထားသည်။ 

 

 

၂၀၂၁ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆေးပမာဏသန်း ၅၀၀ နှင့် တစ်ဘီလီယံ အကြား ထုတ်လုပ်ရန် မျှော်မှန်းထားလျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီက ပြောကြားခဲ့သည်။

 

 

ဂျပန်အစိုးရက နိုင်ငံ့လူဦးရေ ၂၅ သန်းအား ကာကွယ်ဆေးထိုးပေးရန် Moderna ကုမ္ပဏီနှင့် သဘောတူညီချက် တစ်ရပ် ချုပ်ဆိုခဲ့ပြီး လာမည့်နှစ် ဇန်နဝါရီလ နှင့်ဇွန်လအတွင်း ကာကွယ်ဆေး ငါးပုံလေးပုံကို ဂျပန်နိုင်ငံသို့ တင်ပို့လိမ့်ဟု မျှော်လင့်ရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်