မန်ယူနဲ့ လီဗာပူး သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းက ဆိုးရှားအနေနဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဂျိမ်းစ် တွဲဖက်ကစားသင့်ခြင်းကို သက်သေပြနေဟုဆို

၂၂ အောက်တိုဘာ

တနင်္ဂနွေညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသည် မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်လာခဲ့ပြီး အဲဒီရလဒ်ကဟာ နည်းပြဆိုးရှားအနေနဲ့ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ ဒန်နီယယ်ဂျိမ်းစ် တွဲဖက်ကစားသင့်ခြင်းကို သက်သေပြနေခြင်းဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

အဲဒီပွဲစဉ်မှာ မန်ယူအသင်းဟာ အိမ်ရှင်အသင်းပီပီ ပရီမီယာလိဂ် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းကို ပွဲကစားချိန် ၃၆ မိနစ်မှာ ဒန်နီယယ်ဂျိမ်းစ်ရဲ့ ပေးမှုမှုမှတစ်ဆင့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် သွင်းယူပေးခဲ့တဲ့ သွင်းဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ချေပဂိုး ပြန်လည်ရရှိရေးအတွက် လူစားလဲမှုသုံးကြိမ်စလုံး ပြုလုပ်ခဲ့ပေမယ့် ပွဲကစားချိန် ၈၂ မိနစ်အထိ လီဗာပူးအသင်း နည်းပြကလော့ရဲ့ နည်းဗျူဟာဟာ အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲကစားချိန် ၈၄ မိနစ်မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့နေရာမှာ မာရှယ်လ်ကို ထည့်သွင်းကစားစေခဲ့ပြီးနောက် ပွဲကစားချိန် ၈၅ မိနစ်မှာ လီဗာပူးအသင်းကစားသမား လယ်လာနာက လီဗာပူးအသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် မာရှယ်လ်နဲ့ ဂျိမ်းစ်တို့ကို တွဲဖက်ကစားဖို့ထက် ရက်ရှ်ဖို့ဒ်နဲ့ ဂျိမ်းစ်ကိုသာ တွဲဖက်ကစားစေသင့်တဲ့ သက်သေပြချက်ကို သုံးသပ်သူတချို့က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်