မန်ယူနဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမားဟောင်း ရှဝိန်းစတိုင်ဂါ ကစားသမားဘဝကနေ အနားယူပြီ

၁၀  အောက်တိုဘာ

ဂျာမနီအသင်း၊ မန်ယူအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါဟာ ကစားသမားဘဝကနေ အနားယူလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါဟာ မေဂျာလိဂ် ဘောလုံးရာသီကုန်ဆုံးပြီး နှစ်ရက်အကြာမှာ ကစားသမားဘဝကနေ အနားယူလိုက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ရှဝိန်းစတိုင်ဂါ ပါဝင်ကစားခဲ့တဲ့ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားဟာ မေဂျာလိဂ်ရာသီကုန်မှာ အဆင့် ၁၇ နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ရှဝိန်းစတိုင်ဂါဟာ ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၄ ခုနှစ်က ကမ္ဘာ့ဖလားကို ရယူပေးနိုင်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဂျာမန်ဘွန်ဒက်လီဂါဖလား ရှစ်ကြိမ်အထိ ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရှဝိန်းစတိုင်ဂါဟာ ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ၂၀ဝ၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ပွဲပေါင်း ၁၂၁ ပွဲပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပွဲပေါင်း ၅၀ဝ ပါဝင်ကစားပေးခဲ့ပြီး ၂၀၁၅ ခုနှစ်က မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၄ ဒသမ ၄ သန်းနဲ့ မပြောင်းရွှေ့မီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူအသင်းမှာတော့ နှစ်နှစ်အတွင်းမှာ ပရီမီယာလိဂ် ပွဲစဉ် ၁၃ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရှဝိန်းစတိုင်ဂါဟာ ၂၀၁၇ ခုနှစ် မတ်လမှာ ချီကာဂိုဖိုင်းယားအသင်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာ ကစားသမား ဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။ ရှဝိန်းစတိုင်ဂါဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် ဂျာမနီအသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်လာရန် မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ငွေကြယ်