မန်ယူအသင်းကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဖရန့်ကီဒီဂျောင်ကို  ရောင်းချမှာမဟုတ်ဘူးလို့ ဘာစီလိုနာအသင်း ပြောကြား

ဇူလိုင် ၈

မန်ယူအသင်းဟာ     ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ကိုခေါ်ယူဖို့  ပစ်မှတ်ထားနေတဲ့အပြင် မန်ယူအသင်းနဲ့ ဖရန့်ကီဒီဂျောင်တို့အကြား သဘော တူညီမှုရရှိထားတယ်ဆိုပေမယ့် ဘာစီလိုနာအသင်း ကတော့ ဖရန့်ကီဒီဂျောင်ကို ရောင်းချမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပြီးဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း က   ဘာစီလိုနာအသင်းမှ  နယ်သာလန်ကွင်းလယ် ကစားသမား ဖရန့်ကီဒီဂျောင်ကို ခေါ်ယူဖို့ ယူရို ၆၅ သန်း(ပေါင် ၅၆ သန်း)နဲ့ သဘောတူညီထားတာလည်း ဖြစ်ပါတယ်။
အဲဒီလို   မန်ယူအသင်းနဲ့  ဖရန့်ကီဒီဂျောင်တို့ အကြား သဘောတူညီမှုရရှိထားပေမယ့် ဘာစီလိုနာ အသင်းဥက္ကဋ္ဌ လာပေါ့တာကတော့ ဖရန့်ကီဒီဂျောင် ကို   မန်ယူအသင်းဆီ   ရောင်းချမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်ကွင်းလယ်ကစားသမား ဖရန့်ကီဒီ ဂျောင်ဟာ ၂၀၁၉ ခုနှစ်အတွင်းက နယ်သာလန်ကလပ် အေဂျက်အသင်းကနေ    ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ငွေကြယ်