မန္တလေးတွင် ယဉ်ပြိုင်ကစားမည့် မွန်ဂိုလီးယားနှင့် မြန်မာအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အနိုင်ရယူမည်ဟု မြန်မာအသင်းနည်းပြပြော

မန္တလေး ၁၈ နိုဝင်ဘာ

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှာဖလား ဒုတိယအဆင့်အတွက် ခြေစမ်ပွဲစဉ်တစ်ခုဖြစ်သည့် မြန်မာ့လက်ရွေး စဉ်အသင်းနှင့် မွန်ဂိုလီယားလက်ရွေးအသင်းတို့၏ ပွဲတွင် အနိုင်ရယူမည်ဟု မြန်မာအသင်းနည်းပြ အန်တိုနီဟေးက ပြောသည်။

မြန်မာ့လက်ရွေးစဉ်အသင်းနှင့် မွန်ဂိုလီယားလက်ရွေးအသင်းတို့သည်နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မန္တလေးမြို့ရှိ မန္တလာသီရိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

"မြန်မာအသင်းအနေနဲ့ရထားပြီးသားသုံးမှတ်အပြင် နောက်ထပ်သုံးမှတ် ရရှိဖို့အတွက် အားရုံစူးစိုက်ကစားသွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွင်း စိန်ခေါ်နိုင်သည့်အသင်းတစ်သင်းအဖြစ် ဆက်လက်ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်"  မြန်မာလက်ရွေးစင်အသင်း နည်းပြအန်တိုနီဟေးကပြောသည်။

၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားနေသည့် မြန်မာအသင်းသည် ဂျပန်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်၊ ကာဂျစ်စတန် အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေပြီး လေးပွဲကစားပြီးချိန်အထိ ရမှတ် ၃ မှတ်ရရှိပြီး သွင်းဂိုး၄ ဂိုး ရရှိထားကာ သုံးပွဲရှုံးနိမ့်ထားသည်။

"မြန်မာအသင်းက အရင်ကထက်တကယ်ကို ပိုကောင်းလာတာကိုတွေ့ရတယ်။ ပြီးခဲ့တဲ့ တာဂျစ်ကစ္စတန်နဲ့ပွဲမှာ ကျွန်တော်ကြည့်ခဲ့ရတယ်။ တကယ်ကောင်းလာတယ်။ မနက်ဖြန်ပွဲမှာ ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်မှာကို သိပါတယ်။ ရာသီဥတုကွာခြားမှုကတော့ အရင်ကလည်း ခြေစစ်ပွဲနှစ်ခါ လာကန်ဖူးပြီးသားဖြစ်တဲ့အတွက် အရမ်းကြီး စိန်ခေါ်မှုမဖြစ်ပါဘူး။ အဲ့ဒါအတွက်လည်း ပြင်ဆင်ထားပြီးဖြစ်ပါတယ်"ဟု မွန်ဂိုလီးယာအသင်းနည်းပြချုပ် Mr.Micheal Weiss က ပြောသည်။

 

a

 

မွန်ဂိုလီးယားအသင်းသည် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရန်နိုဝင်ဘာ ၁၆ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိ နေသည်။၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (စ)တွင် ဂျပန်၊  တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မြန်မာနှင့် မွန်ဂိုလီးယားအသင်းတို့ ပါဝင်သည်။

အုပ်စုပွဲစဉ်လေးပွဲအ ပြီးတွင် ဂျပန်အသင်းက ၁၂ မှတ် ဖြင့် အုပ်စုကို ဦးဆောင်ထားပြီး ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန် တို့က ခြောက်မှတ်စီ၊  မွန်ဂိုလီး ယားနှင့် မြန်မာအသင်းတို့က သုံး မှတ်စီရရှိထားသည်။

သူရိန်လင်း