မန္တလေးတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ခံစားရသူများအား ကျပ်သိန်း ၄၀၀ ကျော် ပံပိုးပေးခဲ့

၀၁၈ခုနှစ်အတွင်းတွင် မန္တလေးတိုင်းဒေသကြီး၌ သဘာဝဘေး ဒဏ်ခံစားရသူ စုစုပေါင်း ၁၃၅၈ဦးကို ကျပ် ၄၆၃ သိန်း ပံ့ပိုးပေးခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကြီးကြပ်မှု ကော်မတီမှ သိရသည်။

 

၂၀၁၈ခုနှစ် ဇန်နဝါရီလမှ ယနေ့ထိ မန္တလေးတိုင်းဒေသကြီးတွင် မီးဘေး၊ ရေဘေး၊ လေဘေးနှင့်မြေပြိုမှုဘေးများ တွင် ထိခိုက်ခံစားခဲ့ရသည့် အိမ်ထောင်စု ၃၀၉ စု၊ အမျိုးသား ၆၂၅ဦး၊ အမျိုးသမီး ၇၃၃ဦး စုစုပေါင်း ၁၃၅၈ဦး ရှိခဲ့သည် ။

 

" မန္တလေးတိုင်း ဒေသကြီးမှာ သဘာဝဘေးဒဏ်ခံစားရတာတွေက နည်းပါတယ်။ အသင်းအနေနဲ့ နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအတွက် ပံ့ပိုးရေးပစ္စည်းတွေကို အိမ်ထောင်စုဦးရေအလိုက် ကြိုတင်ပြင်ဆင်ထားတယ်။ လာမယ့်နှစ် သဘာဝဘေးအန္တရာယ်တွေ အတွက်လည်း ပံ့ပိုးရေးလုပ်ငန်းတွေ၊ ရှေးဦးသူနာပြုသင်တန်းတွေလဲ ကြိုတင်ပြင်ဆင်လျာထားပြီးပါပြီ " အဆိုပါ ကော်မတီမှ ထောက်ပံ့ပို့ ဆောင်ရေးအရာရှိ ဦးကျော်ကျော်က ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် မီးဘေး၊ ရေဘေး၊ လေဘေးနှင့် မြေပြိုမှု ဘေးများခံစားခဲ့ရသည့် အိမ်ထောင်စုများအား မိသားစုအသုံးအဆောင်ပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ၊ မိုးကာပစ္စည်းများ ပံ့ပိုးပေးခဲ့သည် ။ သဘာဝဘေးအန္တရာယ် များကြုံတွေ့ရပါက ကူညီပံ့ပိုးပေးနိုင်ရန် အသက်ကယ်ဗောကွင်း၊ အသက်ကယ်အင်္ကျီစသည့် အရေးပေါ် အသက်ကယ်ပစ္စည်းများ၊ ဒန်အိုး၊ ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ အိပ်ရာစသည့် မိသားစုအသုံး အဆောင်ပစ္စည်းများ၊ သန့်ရှင်းရေး သုံးပစ္စည်းများ၊ ရေသန့်ဘူး၊ ရေသန့်စင်ဆေး စသည့် ပံ့ပိုးရေးပစ္စည်းများကို အိမ်ထောင်စု ၁၀ဝ၀ စာ အတွက် အဆင်သင့်ပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

သူရိန်လင်း