မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သော ကိုယ်စားလှယ်လောင်း (၁၆) ဦးအား အတည်ပြုထုတ်ပြန်

မန္တလေး ၇ သြဂုတ် 

 

မန္တလေးတိုငိးဒေသကြီးအတွင်းရှိ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သော လစ်လပ်မဲဆန္ဒနယ် (၃) နေရာ အတွက် အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်း (၁၆) ဦးအား သြဂုတ်လ ၆ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် မှ အတည်ပြုထုတ်ပြန်ခဲ့သည်။ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းကို ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ သတ်မှတ်ပေးခဲ့ပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို လက်ခံခဲ့၍ စီစစ်မှုများ ပြုလုပ်ခဲ့သည်။

 

" ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုခဲ့တယ် ။ ကိုယ်စားလှယ်လောင်း အမည်စားရင်းတင်ထားတဲ့အတိုင်း ကန့်ကွက်သူလည်း မရှိဘူး ။ ဒါ့ကြောင့် သူတို့တင်လာတဲ့အတိုင်း ပြန်ပြီးထုတ်ပြန်ပေးတာဖြစ်တယ်။ အဲ့ဒီ ၁၆ ဦးထဲမှာက NLD ပါမယ။် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီပါမယ် ။USDP ပါမယ်။တစ်သီးပုဂ္ဂလိကပါမယ်။ လူ့ဘောင်သစ်ပါတီပါမယ် " ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ ဒုတိယညွှန်ကြား ရေးမှုး ဦးကျော်ကျော်စိုးကပြောသည် ။

 

ရှမ်းတိုင်းရင်သား လူမျိုးမဲဆန္ဒနယ်အတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ အမျိူးသားဒီမိုကရေစီ အဖွဲ့ချူပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီနှင့် တစ်သီးပုဂ္ဂလိ ကကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည် ။

 

မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ နှင့် ပြည်သူ့အလုပ်သမားပါတီတို့မှ အမည်စာ ရင်တင်းသွင်းထားသည် ။ 

 

သပိတ်ကျင်းမြို့ မဲဆန္ဒနယ်အမှတ် ( ၁ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နေရာအတွက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊  ဒီမိုကရက်တစ်ပါတီ( မြန်မာ) ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီနှင့် အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ တင် ထားကြောင်း သိရသည်။

 

ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး တစ်နိုင်လုံးတွင် လစ်လပ်နေရာ (၁၂) ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထား သည်။

 

သူရိန်လင်း