မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် နိကာယ်စာမေးပွဲကျင်းပ (၁၅၃၄)ပါး ဝင်ရောက်ဖြေဆို

မန္တလေး ၅ ဇွန် 

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ခုနှစ် (၂၆) ကြိမ်မြောက် နိကာယ်စာမေးပွဲကို ဇွန်လ ၄ရက်နေ့ မွန်းလွဲ ၁နာရီမှ ညနေ ၅အထိ စာစစ်ဌာနအသီးသီးတွင် တစ်ပြိုင်နက် ကျင်းပပြုလုပ်သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် တိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၁၅)ခုတို့၌ စာရင်းရှိ (၂၇၀ဝ)ပါး၊ ဖြေဆို (၁၅၃၄)ပါး၊ ပျက်ကွက် (၁၁၆၆)ပါး ဖြစ်ကာ သက်ဆိုင်ရာအုပ်စုအလိုက် နိကာယ်ငါးရပ် ပါဠိတော်များကို ဖြေဆိုတော်မူကြသည်။  

ယင်းစာမေးပွဲများ စစ်ဆေးရာ၌ သက်ဆိုင်ရာစာမေးပွဲကျင်းပရေးဌာနအလိုက် ကြီးကြပ်ရေး ဆရာတော်ကြီးများက ကြီးကြပ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သာသနာရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့်အဆိုပါစာမေးပွဲကို ဇွန်လ ၈ရက်နေ့အထိ ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

တင်မောင်မန်းကိုယ်ပွား