မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ဝက်ဘ်ဆိုက် လွှင့်တင်

မန္တလေး၊ ၈ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၏ ဝက်ဘ်ဆိုက်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၏ အမှုခေါ်စာရင်းများ၊ လက်ခံကြားနာသည့် အမှုများအခြေအနေ၊ လှုပ်ရှားဆောင် ရွက်မှုသတင်းများ၊ ရှေ့နေရှေ့ရပ်ကဏ္ဍ၊ ဝန်ဆောင်မှု၊ တရားစီရင်ရေး ဆိုင်ရာစာအုပ်စာတမ်းများ၊ဓ ာတ်ပုံ၊ဗီဒီယို၊မှုခင်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စသည်ဖြင့်ဖော်ပြထားသဖြင့် တရားရုံး အသုံးပြုသူများ၊ ဆက်စပ်အဖွဲ့အစည်းများ၊ တရားစီရင်ရေးဆိုင်ရာ သတင်းအချက်အလက် စိတ်ဝင်စားသူများ https://mandalay.hc.gov.mm  သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးထားသည်။

မောင်ပြည်သူ(မန္တလေး)