မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ဆေးဖျန်းစက် နှစ်လုံးလှူဒါန်း

မန္တလေး  ၁၁  မေ

           

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ဆေးဖျန်းစက် နှစ်လုံးလှူဒါန်းခြင်း မေ ၁၀ ရက် နံနက် ၁၁ နာရီက မန္တလေးမြို့၊ ၂၇လမ်းနှင့်၇၀လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

 

ထို့သို့လှူဒါန်းရာတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနှင်းဇော်သိန်းနှင့် အလှူရှင်မန္တလေး စက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီ ဒုတိယ ဉက္ကဌဦးနေဝင်း တို့က ကိုဗစ်-၁၉ဆေးဖျန်းစက် နှစ်လုံး လှူဒါန်းသွားရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်နှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

 

အဆိုပါ ဆေးဖျန်းစက်နှစ်လုံး၏ တန်းဖိုးမှာ ငွေကျပ်တစ်ဆယ့်ငါးသိန်းဖြစ်ကြောင်း သိရပြီး တစ်လုံးအား သံဃာ့ဆေးရုံ Quarantine Center တွင် အသုံးပြုရန် ထားရှိသွားမည်ဖြစ်ပြီး ကျန်တစ်လုံးကို လိုအပ်သောနေရာတွင် ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)