မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို လမ်းလယ်ကျွန်းများ သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြည်ရေး၊ ကျုံးရေပြင်သန့််ရှင်းရေး ဆောင်ရွက်နေမှုများနှင့် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) ကြည့်ရှုစစ်ဆေး

မန္တလေး နိုဝင်ဘာ ၁၈

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုသည် ယနေ့ နံနက်ပိုင်းက ရောက်ရှိပြီး ၂၆ လမ်း တစ်လျှောက် ၆၆ လမ်းမှ ၇၈ လမ်းအထိ၊ ၆၆ လမ်းတစ် လျှောက် ၂၆ လမ်းမှ ၁၂ လမ်းအထိ လမ်းဝဲယာနှင့် လမ်းလယ်ကျွန်းတို့ကို လိုက်လံကြည့်ရှု၍ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ ဒေသနှင့်ကိုက်ညီသော ရာသီအလိုက် ရောင်စုံပန်းအလှပင်များ စိုက်ပျိုးနိုင်ရေးဆွေးနွေးညှိနှိုင်းခဲ့သည်။ ၎င်းနောက် မန္တလေး ကျုံးရေပြင်သန့်ရှင်းရေး Aqua-marine ရေမှော်ဆယ်စက်ကြီးများဖြင့် ရေမှော်များ ဆယ်ယူနေမှုနေရာများကို ကြည့်ရှုစစ်ဆေးပြီး ကျုံးရေပြင်အမြဲသန့်ရှင်းရေး ဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အများပြည်သူများ အပန်းဖြေနိုင်ရန်  ဖွင့်လှစ်ထားသော တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)အား ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ဥယျာဉ်မှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားသည်။

(သတင်းစဉ်)