မန္တလေးရွှေဈေးကွက်တစ်ကျပ်သား ၁၅ သိန်း ၇ သောင်းကျော်ရောက် ဈေးများ မတည်ငြိမ်၍ အရောင်းအဝယ်အေး

မန္တလေး   မေ  ၂၈

မန္တလေးမြို့ရွှေဈေးကွက်တွင် မေ၂၈ ရက် ဈေးဖွင့်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၅၇၅၀၀၀ အထိ ပြန်လည်မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ဒေါ်လာလဲလှယ်နှုန်းမြင့်တက်လာခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်နေခြင်းကြောင့် မြန်မာ့ရွှေ ဈေးများ ပြန်လည်မြင့်တက်လျက်ရှိသည်။ ဘဏ်များတွင် ငွေကြေးစီးဆင်းမှုနှေးကွေးနေသဖြင့် ရွှေဈေးများ ကျရန် မဖြစ်နိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြား သည်။

ရွှေဈေး ၁၇ သိန်းမှ ၁၅ သိန်း ၇ သောင်းဝန်းကျင်တွင် ရောက်ရှိနေပြီး ဈေးနှုန်းမတည်ငြိမ်သော ကြောင့် အရောင်းအဝယ်အေးသွားကြောင်း မန္တလေးမြို့ ရွှေအရောင်းအဝယ်ဈေးကွက်မှ သိရသည်။ မေ ၂၈ ရက် နံနက် ၁၀ နာရီ ရွှေအဖွင့်ဈေး အခေါက်ရွှေ တစ်ကျပ်သား ၁၅၇၅၀၀၀ ကျပ်၊ ၁၅ ပဲရည် ၁၄၈၂၄၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်ထရိုင်အောင်စ ၁၈၉၉ ဒေါ်လာ၊ ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၆၃၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ကိုကိုကြီး(မန္တလေး)