မန္တလေးမြို့တွင် တိုင်းဒေသကြီးအဆင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

မန္တလေး  ၁၇  ဇူလိုင်

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တိုင်းဒေသကြီးအဆင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ က မန္တလေးမြို့ရှိ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးရှိန်ဝင်း က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ဦးကျော်ကျော်စိုး က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တင်သွင်းမည့်ကိစ္စနှင့် စိစစ်မည့်ကိစ္စရပ်များ၊ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမည့် ကိစ္စရပ်များ၊ မဲရုံများလျာထားသတ်မှတ်ခြင်းနှင့် မဲရုံအဖွဲ့ဝင်များ ခန့်ထားရေးကိစ္စရပ်များ၊ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးကိစ္စရပ်များ  အစရှိသော ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)