မန္တလေးမြို့တွင် ပဉ္စမအကြိမ် ဧရာဝတီစာပေပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ

မန္တလေး ၁၀ နိုဝင်ဘာ

 

ပဉ္စမအကြိမ် ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့၊ မန္တလေးတောင်ခြေရှိ Mercure Hotel တွင် နိုဝင်ဘာ ၉ ရက် မှ ၁၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အဆိုပါစာပေပွဲတော် ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပသည်။

 

အဆိုပါ စာပေပွဲတော်တွင် နိုင်ငံတကာမှ စာရေးဆရာ၊ စာရေးဆရာမ(၃၀)ဦးနှင့် ပြည်တွင်းမှ စာရေးဆရာ၊ စာရေးဆရာမ (၁၀၀) ကျော်တို့က စာပေဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ကာတွန်းပြပွဲများ၊ စာအုပ်အရောင်းဆိုင် များနှင့် ကဗျာရွတ်ဆိုခြင်းများ ဆက်လက်ကျင်းပခဲ့သည်။

 

ပဉ္စမအကြိမ် ဧရာဝတီစာပေပွဲတော်ကို လူငယ်များ စာပေဖတ်ရှုရေးနှင့် စာပေများ ချစ်မြတ်နိုးလာစေရန်၊ နိုင်ငံတကာ စာပေပညာရှင်များနှင့် ပြည်တွင်းစာပေပညာရှင်များ တိုက်ရိုက်ထိတွေ့ပြီး အတွေ့အကြုံများဖလှယ်နိုင်ရန်နှင့် ပြည်တွင်းမှ စာအုပ်ကောင်းများအား အင်္ဂလိပ်ဘာသာပြန်ဆိုကာ ကမ္ဘာမှသိရှိအောင် ထုတ်ဝေနိုင်စေရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိပြီး အဆိုပါစာပေပွဲတော်သို့ မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)