မန္တလေးမြို့တွင် “ကြောက်ရွံ့ကင်းကျား’’ နိုင်ငံတကာရိုးရာလက်ဝှေ့ပွဲ ကျင်းပ

မန္တလေး  ၅   အောက်တိုဘာ


မြန်မာလက်ခမောင်းကုမ္ပဏီနှင့် Great Tiger Group(GTG) တို့ ပူးပေါင်းကျင်းပသည့် World Lethwei Championship(WLC) မှ ကြောက်ရွံ့ကင်းကျား အမည်ရှိ  နိုင်ငံတကာရိုးရာ လက်ဝှေ့ပွဲပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြ သာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားရုံတွင် အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီတွင် ကျင်းပပြုလုပ်သည်။

 

a

 


အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် တွဲဆိုင်း(၁၃)ဆိုင်း ပါဝင်ပြီး ပွဲစဉ်(၁)တွင် သန်းစိုး(ရာဇသိင်္ခ) နှင့် စိုးဝင်းသန်း(ရန်စစ်ငြိမ်း)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအချီတွင် စိုးဝင်းသန်းက လည်းကောင်း၊ ပွဲစဉ်(၂)တွင် စောမင်းနိုင်(ရွှေဘားလား သထုံ) နှင့် စောကောင်းထက် (မြိုင်ကလေးဘိလပ်မြေစက်ရုံ)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ နောက်ဆုံးငါးချီထိ အနိုင်အရှုံး မပေါ်၍ ဒိုင်အမှတ်ဖြင့် စောကောင်းထက် က လည်းကောင်း၊ ပွဲစဉ်(၃)တွင် ဟိန်းထွန်းအောင်(ရွှေသထုံ)နှင့်အောက်ချင်းလေး (တောင်ဇလပ်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ  ဒိုင်အမှတ်ဖြင့် အောက်ချင်းလေးက လည်းကောင်း၊ ပွဲစဉ်(၄)တွင် သွေးသစ်မောင်(မြန်မာ)နှင့်အိုမာအယ်လ်လိုရက်စ်(မော်ရိုကို)တို့ ယှဉ်ပြိုင်ထိုး သတ်ရာ ဒိုင်အမှတ်ဖြင့် သွေးသစ်မောင်က လည်းကောင်း၊ ပွဲစဉ်(၅)တွင် ယျှူးခလိန်းမင်း (မြန်မာ) နှင့်အေလိပိခ်ဒေး(ကမ္ဘောဒီးယား)တို့ယှဉ်ပြိုင်ထိုးသတ်ရာ ဒိုင်အမှတ်ဖြင့်  အေလိပိခ်ဒေး က လည်းကောင်း၊ ပွဲစဉ်(၆)တွင် မိုက်ရိုင်း(မြန်မာ) နှင့်ငုယင်ထန်း ထရန်း(ဗီယက်နမ်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ  ဒိုင်အမှတ်ဖြင့် မိုက်ရိုင်းက လည်းကောင်း၊ ပွဲစဉ်(၇) အမျိုးသမီးပွဲစဉ်တွင်   နီကိုလာဘာ့ခ်(မြန်မာ)နှင့် ဘီယန်ကာဘာ လက်ဂျ်တီ (ဟန်ဂေရီ)တို့က သုံးချီယှဉ်ပြိုင်ထိုးသတ်ရာ  ဒိုင်အမှတ်ဖြင့် နီကိုလာဘာ့ခ် က လည်းကောင်း ၊ပွဲစဉ်(၈)တွင် သွေးသစ်ဝင်းလှိုင်(မြန်မာ)နှင့် ဘရုလက်(ဂျာမနီ)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ဒုတိယအချီတွင် သွေးသစ်လှိုင်ဝင်းက အလဲထိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။

 

a

 


ထို့နောက် စနစ်သစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်သည့် အလဲထိုးတွဲဆိုင်းများတွင် ကျော်စွာဝင်း(ယူနိုက်တက်)နှင့် ပတ်ကျော်လင်းနိုင်(တိုက်ဂါး) တို့ပွဲစဉ်တွင် ပူးတွဲသရေဖြင့်လည်းကောင်း၊ လွမ်ချိုင်း(Adventure)နှင့် ထူးနေသူ (တောင်ကလေး)ပွဲစဉ်တွင် ပူးတွဲသရေဖြင့်လည်းကောင်း၊ ရဲသွေးနီ(တောင်ကလေး)နှင့်စောမင်းမင်း (ရွှေသထုံ) ပွဲစဉ်တွင် ပူးတွဲသရေဖြင့်လည်းကောင်း၊ သပြေညို(မြိုင်ကလေး ဘိလပ်မြေစက်ရုံ)နှင့် ရန်နိုင်ထွန်း (ဇွဲကပင်မြေ)တို့ ပွဲစဉ်တွင် ပူးတွဲသရေဖြင့်လည်းကောင်း  ပူးတွဲသရေများဖြစ်ခဲ့ပြီး  ဖျံသွေး(ထူးမေတ္တာထူး) နှင့် ရွှေရာမာဉ် (ရာဇာဓိ ရာဇ်) တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ဖျံသွေးက အလဲထိုးဖြင့်  အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

a

 

သန်းဇော်မင်း(ပြန်/ဆက်)