မန္တလေးမြို့တွင် ကြောက်ရွံ့ကင်းကျား မြန်မာ့ရိုးရာလက်ဝှေ့ပွဲ ကျင်းပမည်

မန္တလေး  ၂ အောက်တိုဘာ

 

World Lethwei Championship (WLC) မှ စီစဉ်ကျင်းပသော ကြောက်ရွံ့ကင်းကျား မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ ပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ ရိုးရာလက်ဝှေ့အားကစားရုံတွင် အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီခွဲတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ ညနေ ၃ နာရီက ပြုလုပ်သော အဆိုပါပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် တွဲဆိုင်း(၁၃)ဆိုင်း ပါဝင်ပြီး ပွဲစဉ်(၁)တွင် သန်းစိုး(ရာဇသိင်္ခ)နှင့် စိုးဝင်းသန်း (ရန်စစ်ငြိမ်း)၊ ပွဲစဉ်(၂)တွင် စောမင်းနိုင်(ရွှေဘားလား-သထုံ)နှင့် စောထက်ကောင်း (မြိုင်ကလေး ဘိလပ်မြေစက်ရုံ)၊ ပွဲစဉ်(၃)တွင် ဟိန်းထွန်းအောင်(ရွှေသထုံ)နှင့် အောင်ချင်းလေး (တောင်ဇလပ်)၊ ပွဲစဉ်(၄)တွင် သွေးသစ်မောင် (မြန်မာ)နှင့် အိုမာအယ်လ်လိုရက်စ် (မော်ရိုကို)၊ ပွဲစဉ်(၅)တွင် ယျှူးခလိန်းမင်း (မြန်မာ)နှင့် အေလိပိခ်ဒေး (ကမ္ဘောဒီးယား)၊ ပွဲစဉ်(၆)တွင် မိုက်ရိုင်း(မြန်မာ)နှင့် ငုယင်ထန်းထရန်း (ဗီယက်နမ်)၊ ပွဲစဉ်(၇)တွင် အမျိုးသမီးပွဲစဉ်ဖြစ်ပြီး နီကိုလာဘာ့ခ်(မြန်မာ)နှင့် ဘီယန်ကာဘာလက်ဂျ်တီ (ဟန်ဂေရီ)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်၊

 

ထို့နောက် ပွဲစဉ်(၈)တွင် သွေးသစ်ဝင်းလှိုင်(မြန်မာ)နှင့် ဘရုလက်(ဂျာမနီ)၊ ပွဲစဉ်(၉)တွင် ကျော်စွာဝင်း (ယူနိုက်တက်)နှင့် ပတ်ကျော်လင်းနိုင် (တိုက်ဂါး)၊ ပွဲစဉ်(၁၀)တွင် လွမ်ချိုင်း (Adventure)နှင့် ထူးနေသူ (တောင်ကလေး)၊ ပွဲစဉ်(၁၁)တွင် ရဲသွေးနီ (တောင်ကလေး)နှင့် စောမင်းမင်း(ရွှေသထုံ)၊ ပွဲစဉ်(၁၂)တွင် သပြေညို (မြိုင်ကလေး ဘိလပ်မြေစက်ရုံ)နှင့် ရန်နိုင်ထွန်း(ဇွဲကပင်မြေ)၊ ပွဲစဉ်(၁၃)တွင် ဖျံသွေး (ထူးမေတ္တာထူး)နှင့် ရွှေရာမာဉ်(ရာဇာဓိရာဇ်) တို့ အသီးသီး ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။

 

ပွဲစဉ်အားလုံး ငါးချီထိုးသတ်သွားမည်ဖြစ်ပြီး ပွဲစဉ်(၇) အမျိုးသမီးပွဲစဉ် တစ်ပွဲတည်းသာ သုံးချီထိုးသတ်သွားမည် ဖြစ်သည်။ ရုံဝင်ခွင့်လက်မှတ် ဈေးနှုန်းများမှာ ကျပ်တစ်သောင်း၊ ကျပ်သုံးသောင်းနှင့် ကျပ်ငါးသောင်းဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)