မန္တလေးမြို့တွင် ဒုတိယအကြိမ်မြန်မာ ဂရပ်ဖစ်ဒီဇိုင်းပြပွဲ ဖွင့်ပွဲကျင်းပ

မန္တလေး  ၁၇   ဇန်နဝါရီ

 

ဒုတိယအကြိမ် မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲဖွင့်ပွဲကို မန္တလေးမြို့၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

 

အခမ်းအနားကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်နှင့် မြန်မာနိုင်ငံဂရပ်ဖစ် ဒီဇိုင်းအသင်းဉက္ကဌ ဦးမြင့်မောင်ကျော်တို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးသည်။ထို့နောက် မြန်မာနိုင်ငံ ဂရပ်ဖစ်ဒီဇိုင်းအသင်း ဉက္ကဋ္ဌ အဖွင့်အမှာစကား ပြောကြားပြီး တရုတ်နိုင်ငံပေါင်စန်းမြို့၊ စီးပွားဆက်ဆံရေးရုံး(မန္တလေးရုံးခွဲ)မှ တာဝန်ခံ ဦးကြည်မြင့်က မုဒိတာစကားပြောကြားသည်။၎င်းနောက် မြန်မာနိုင်ငံ ဂရပ်ဖစ် ဒီဇိုင်းအသင်း (မန္တလေး) ဒုတိယဉက္ကဋ္ဌ ဦးတူးတူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ယင်းနောက် ဒုတိယအကြိမ် မြန်မာဂရပ်ဖစ် ဒီဇိုင်းပြပွဲတွင် ပါဝင်ကူညီခဲ့ကြသော လုပ်ငန်းရှင်များအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

63

 

အဆိုပါ ပြပွဲကို ဇန်နဝါရီ ၁၇ ရက် မှ ၁၉ ရက် အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ပြပွဲတွင်  ရန်ကုန်၊မန္တလေးနှင့် ကိုးရီးယားနိုင်ငံတို့မှ ဂရပ်ဖစ်ဒီဇိုင်းဆရာ(၈၉) ဦး၏ ဒီဇိုင်းကားချပ်(၈၉)ချပ် အား ခင်းကျင်းပြသထားပြီး မည်သူမဆိုအခမဲ့လာရောက်လေ့လာနိုင်ကြောင်း သိရသည်။ ပထမအကြိမ် ဂရပ်ဖစ် ဒီဇိုင်းပြပွဲကို ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

7895

 

သန်းဇော်မင်း(ပြန်/ဆက်)