မန္တလေးမြို့တွင် ဗဟု Application မိတ်ဆက်ပွဲနှင့် ‘’ဗဟုလူမှုရပ်ဝန်း’’ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မန္တလေး  ၆  မတ် 

ဗဟု Application မိတ်ဆက်ပွဲနှင့် ‘’ဗဟုလူမှုရပ်ဝန်း’’ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ Hilton Hotel တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ The Seagull မှ တည်ထောင်သူ ဒေါ်စုချစ်မှ အဖွင့်အမှာစကားပြောကြားပြီး ဗဟု Application မှ ညှိနှိုင်းရေးမှူး ကိုကောင်းဆက်နောင်က ဗဟု Application အကြောင်းအား မိတ်ဆက်ပြောကြားသည်။ ထို့နောက် ‘’ဗဟုလူမှုရပ်ဝန်း’’ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲအားကျင်းပရာ The Seagull မှ လူမှုပေါင်းစည်းခြင်းဆိုင်ရာအကြံပေး ဒေါ်ဇာခြည်ဦး၊ မန္တလေးသတင်းစာပညာသင်တန်းကျောင်းမှ တာဝန်ခံ ကိုစန်းယုကျော်၊ မေတ္တာ Campaign မှ တာဝန်ခံ ဦးညီညီကျော်နှင့် ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်းမှ ဦးဆောင်သူ ဒေါက်တာတေဇာစန်းတို့က ဦးဆောင်ဆွေးနွေးသည်။ ၎င်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားသည်။

 

‌ေ

 

အဆိုပါ ဗဟု Application သည် The Seagull နှင့် မေတ္တာ Campaign တို့မှ ပူးပေါင်း၍ ဖန်းတီးပြုလုပ်ထားသော Mobile Application တစ်ခုဖြစ်ပြီး ဘာသာပေါင်းစုံ၏ အဆုံးအမများ၊ ဘာသာတရားမှဟောကြားသော ငြိမ်းချမ်းရေးတရားတော်များ၊ ကမ္ဘာ့ကျော်ကြားသူများမှ ပြောကြားသော ငြိမ်းချမ်းရေးစကားစုများ၊ ငြိမ်းချမ်းရေး အဆိုအမိန့်များကို Application မှ တစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)