မန္တလေးမြို့ရှိလမ်းများအားလုံး မီးလင်းစေရန် လမ်းမီးတိုင် (၇၀ဝ၀)ကျော် ထပ်မံစိုက်ထူမည်

မန္တလေး ၁၆ ဒီဇင်ဘာ

 

မန္တလေးမြို့ရှိ လမ်းများအားလုံး မီးလင်းစေရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း လမ်းမီးတိုင် (၇၀ဝ၀) ကျော်ထပ်မံစိုက်ထူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရသည်။

 

အဆိုပါ လမ်းမီးတိုင်များကို စည်ပင်ဘဏ္ဍာငွေနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပူးပေါင်း စိုက်ထူမည် ဖြစ်ပြီး၂၀၂၀ ခုနှစ်အောက်တိုဘာလအတွင်းတွင် မန္တလေးမြို့ရှိ လမ်းများအားလုံး မီးလင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရ သည်။

 

458963201589

 

"မြို့အနှံ့မီးလင်းရေး ဆောင်ရွက်ရာမှာ စည်ပင်သာယာရဲ့ ဘဏ္ဍာငွေတစ်ခုတည်းနဲ့ လုပ်ဆောင် မည်ဆိုရင် အချိန်အများကြီးကြာနိုင်တယ်။ အခုလို အလှူရှင်များရဲ့ပါဝင်လှူဒါန်းမှုကြောင့်သာ မြို့အနှံ့ မီးလင်းလာတာ။ အလှူရှင်တွေကလည်း တော်တော်များပါတယ်။ သိန်းပေါင်းကို သောင်းနဲ့ချီရှိတယ်။ အဲ့တာတွေနဲ့ မြို့အနှံ့မီးလင်းအောင်ဆောင်ရွက်သွားမှာပါ"ဟု စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က  ပြောသည်။

 

လက်ရှိမန္တလေးမြို့တွင် အဓိကလမ်းမကြီးများ၌ လမ်းမီးတိုင် (၇၀ဝ၀)ကျော် စိုက်ထူထားပြီးပြီဖြစ်ပြီး မြို့ တွင်းရှိ လမ်းသွယ်များပါမကျန် မီးလင်းစေရန်အတွက် ယခုလိုလမ်းမီးတိုင်များ ထပ်မံစိုက်ထူခြင်း ဖြစ်ကြောင်းသိရသည်။

 

441

 

လမ်းမီးတိုင် အသစ်များ စိုက်ထူရာတွင် ယခင်ရှိနှင့်ပြီးသော မီးတိုင်အဟောင်းများကို ဖယ်ရှားကာ စိုက်ထူမည်ဖြစ်ပြီး ၎င်းမီးတိုင်အဟောင်းများကို လိုအပ်သည့် လမ်းသွယ်များတွင် ပြန်လည် အသုံးပြုမည် ဖြစ်သည် ။

 

အသစ်စိုက်ထူမည့် လမ်းမီးတိုင်များသည် မီးလုံးနှစ်ဖက်ပါသည့် မီးတိုင်တစ်တိုင်လျင် ကျပ်(၁၀) သိန်းနှင့် မီးလုံးတစ်ဖက်သာ ပါသည့် မီးတိုင်တစ်တိုင်လျှင် ကျပ်(၇၅၀,ဝ၀ဝ) တန်ဖိုးရှိကြောင်း သိရသည်။

 

သူရိန်လင်း