မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံ မြို့နယ်၊  မဟာအောင်မြေမြို့နယ်တို့ရှိ ရောင်းဝယ်ရေးသမဝါယမ အသင်းအရောင်းဆိုင်များသို့ စစ်ဆေး

မန္တလေး ၂ ဧပြီ

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံ မြို့နယ်၊  မဟာအောင်မြေမြို့နယ်တို့ရှိ ရောင်းဝယ်ရေး သမဝါယမ အသင်းအရောင်းဆိုင်များအား ဧပြီ ၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန မှ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် အသင်းအမှုဆောင်များ၊ အရောင်းဆိုင်ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် စားသောက်ကုန်များရောင်းချရာတွင် အန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များမဖြစ်စေရေး၊ လူသုံး၊ အိမ်သုံးနှင့် စားသောက်ကုန်များရောင်းချရာတွင်လည်း ဈေးနှုန်းကို ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချရေး၊ အခြေခံစားကုန်များပြတ်လတ်မှုမရှိဘဲ လုံလောက်စွာရောင်းချနိုင်ရေး၊ ဆန်နှင့်ဆီကို အိမ်တိုင်ရာရောက်ပို့ပေးသော စနစ်ဖြင့်ရောင်းချခြင်း၊ ဈေးရောင်းသူနှင့် ဈေးဝယ်သူအကြား ရောဂါကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးစနစ်များ၊ သတ်မှတ်ထားသောအကွာအဝေးများဖြင့် ရောင်းချရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

 (ကျော်လေး)