မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကျင်းပ

မန္တလေး   ၄   မေ

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆွေးနွေးပွဲ(Talk Show)ကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီး လမ်းထောင့်၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်က Moderator အဖြစ် ဆောင်ရွက်ပြီး ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော်က  မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စီမံဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာနှင်းဇော်သိန်း က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ မြို့နယ်လူမှုကူညီရေးအသင်းချုပ် ဥက္ကဋ္ဌ ဦးမြင့်သိန်းက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လူမှုကူညီရေးအသင်းများ အနေဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နေမှု အခြေအနေများအား  လည်းကောင်း အသီးသီးဆွေးနွေး ပြောကြားသည်။

 

ထို့နောက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)